၁။ ပြည်ပသို့ ကုန်စည်ပြပွဲသွားရောက် ပြသခွင့်ရှိသူများ ( အစိုးရဌာန ၊ သမ ၊ ကုမ္ပဏီများ)
အစိုးရဝန်ကြီးဌာနများ၊ သမဝါယမဦးစီးဌာနအောက်ရှိ သမဝါယမအသင်းများ၊ UMFCCI အသင်းချုပ်အောက်ရှိ အသင်းအဖွဲ့များ၊ ကုမ္ပဏီများပြသခွင့်ရှိပြီး အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (Directorate of Investment and Company Administration-DICA) ၏ သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်လက်မှတ် ရှိသူ ဖြစ်ရပါမည်။
၂။ ပြသခွင့်ရှိသည့် ပစ္စည်းများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ တည်ဆဲပို့ကုန်၊ သွင်းကုန် ဥပဒေ အရ ပြည်ပသို့တင်ပို့ရန် တားမြစ်ကန့်သတ်ထားသည့် ပစ္စည်းများမှအပ တင်ပို့ရန်ခွင့်ပြုထား သော ကုန်ပစ္စည်းများအား ပြသခွင့်ပြုပါသည်။
၃။ အထူးထောက်ခံချက်ယူရန် လိုအပ်သောပစ္စည်းများ
ပြသမည့် ပစ္စည်းများသည် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ခွင့်ပြုချက် ရယူရမည့် ပစ္စည်းများ ဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ကို ကြိုတင်ရယူရမည့်ဖြစ်ပြီး ခွင့်ပြုချက်ရရှိမှသာ သွားရောက်ပြသခွင့်ပြုမည် ဖြစ်ပါသည်။ (ခွင့်ပြုချက်ရယူရမည့် ပစ္စည်း များ ဥပမာ- ဆက်သွယ်ရေး ဆိုင်ရာစက်ပစ္စည်းများ၊ ကျောက်မျက်လက်ဝတ်ရတနာနှင့် သတ္တုပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ၊ ရှေးဟောင်းပစ္စည်းများ)
၄။ သွားရောက်ပြသနိုင်သော နိုင်ငံများ
ကုလသမဂ္ဂမှ စီးပွားရေးပိတ်ဆို့အရေးယူရန် ထုတ်ပြန်ထားသောနိုင်ငံများ၊ မြန်မာ နိုင်ငံအစိုးရမှ သွားရောက်ရန်ကန့်သတ်တားမြစ်ထားသောနိုင်ငံများအပ ကျန်နိုင်ငံများသို့ သွားရောက်ပြသနိုင်ပါသည်။
၅။ ခွင့်ပြုချက်ရယူရန် လုပ်ငန်းစဉ်အဆင့်ဆင့်
ပြသမည့် အသင်းအဖွဲ့၊ လုပ်ငန်းရှင်မှ ပြည်ပကုန်စည်ပြပွဲများသို့ သွားရောက်ပြသလိုပါက ကုန်စည်ပြပွဲဆိုင်ရာလုပ်ထုံးလုပ်နည်းများအရ - အရေအတွက် ၊ စျေးနှုန်း ၊ တန်ဖိုး ၊ Invoices စာရင်း များကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ပြပွဲမကျင်းပမီ အနည်းဆုံး(၁)လ ကြိုတင်၍ တင်ပြလျှောက်ထားရပါသည်။ ပြသမည့် ကုန်ပစ္စည်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ခွင့်ပြုထောက်ခံချက်များ လိုအပ်ပါက ယင်းဝန်ကြီးဌာနများသို့ ပြသမည့်ပစ္စည်းများ၏ အရေအတွက် ၊ စျေးနှုန်း၊ တန်ဖိုး၊ အရည်အသွေး ထောက်ခံချက်များ ရရှိရေးအတွက် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန (Department Of Trade Promotion & Consumer Affairs- DTPCA) မှ ညှိနှိုင်းအကြောင်းကြားရပါသည်။ ပြသမည့်ပစ္စည်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ ၏ ခွင့်ပြုထောက်ခံချက်ရရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်စည်ပြပွဲများ ကျင်းပပြုလုပ်ခြင်းဆိုင်ရာကြီးကြပ်မှုကော်မတီသို့ တင်ပြပြီး ပြသခွင့်နှင့် ပစ္စည်းများယာယီ တင်ပို့/ တင်သွင်းခွင့်လိုင်စင် ထုတ်ပေးရန် အတည်ပြုချက်ရရှိပါက (DTPCA) ဌာနမှ ယာယီတင်ပို့၊တင်သွင်းခွင့်လိုင်စင် ထုတ်ပေးမည်ဖြစ်ပါသည်။
၆။ ပြပွဲကာလကန့်သတ်ချက်
ပြပွဲကာလကန့်သတ်ချက်မှာ ပြပွဲကျင်းပသည့်နိုင်ငံရှိ ပြပွဲကျင်းပရေးကော်မတီ၏ သတ်မှတ် ချက်အတိုင်းဖြစ်ပါသည်။
၇။ ပြသသောပစ္စည်းများအား တင်ပို့ခြင်း
ပြသသောပစ္စည်းများ ပြပွဲသို့ မသွားရောက်မီ အကောက်ခွန်ဦးစီးဌာန၊ ပစ္စည်းနှင့်သက်ဆိုင်သည့် အစိုးရဌာနများ (မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ သစ်တောဦးစီးဌာန၊ ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက်ဦးစီးဌာန) နှင့် ပစ္စည်းပိုင်ရှင်တို့မှ ပူးတွဲစစ်ဆေးပြီးမှသာလျှင် ပြည်ပသို့ စနစ်တကျသယ်ယူခွင့်၊ တင်ပိုခွင့်ပြုပါသည်။
၈။ ပြသသောပစ္စည်းများအား ပြည်ပတွင်ရောင်းချခြင်း
ကုန်စည်ပြပွဲတွင် ပြသမည့် ပစ္စည်းများကို ပြပွဲကာလအတွင်းဖြစ်စေ၊ ပြပွဲပြီးသည့်နောက်ဖြစ်စေ ရောင်းချခြင်းကို အဖွဲ့ခေါင်ဆောင်၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံဘဏ်များက လက်ခံသည့် နိုင်ငံခြားငွေဖြင့်သာ ရောင်းချခွင့်ပြုပါသည်။ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါ ဝင်ငွေခွန်၊ ကုန်သွယ် လုပ်ငန်းခွန်များ အပါအဝင် အခွန်အရပ်ရပ်ကို သက်ဆိုင်ရာအကောက်ခွန်ဌာနသို့ မပျက်မကွက် ပေးဆောင်ရမည် ဖြစ်ပါသည်။
၉။ ပြသသောပစ္စည်းများအား အခမဲ့ဖြန့်ဝေခြင်း
ပြပွဲတွင်ရောင်းချခြင်း (သို့မဟုတ်) နမူနာပေးဝေခြင်း၊ အခမဲ့ပေးခြင်း ပစ္စည်းစာရင်းများကို ပြပွဲပြသသည့် အသင်းအဖွဲ့နှင့် အဖွဲ့ခေါင်းဆောင်မှ ကုမ္ပဏီ(၁)ခုချင်းစီအလိုက် စာရင်းပြုစု၍ ဓါတ်ပုံမှတ်တမ်းများနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနသို့ မပျက်မကွက် တင်ပြရမည် ဖြစ်ပါသည်။
၁၀။ ပြသသောပစ္စည်းများအား ပြန်လည်တင်သွင်းခြင်း
ကုန်စည်ပြပွဲတွင် ခင်းကျင်းပြသရောင်းချရန်အတွက် ယူဆောင်သွားသော ကုန်ပစ္စည်း များအနက်မှ ရောင်းချပြီးနောက် ရောင်းချ၍မရဘဲ ကျန်သည့်ပစ္စည်းများအား ကုန်စည်ပြပွဲ ပြီးဆုံး ပြီးသည့်နေ့မှ (၁) လ အတွင်းအပြီး မြန်မာနိုင်ငံသို့ ပြန်လည်တင်သွင်းရမည်။ လျှောက်ထားသည့်နိုင်ငံရှိ ပြပွဲမှအပ အခြားနိုင်ငံဈေးကွက်များသို့ သွားရောက် ရောင်းချခြင်း လုံးဝခွင့်မပြုပါ။ ပြန်လည်တင်သွင်းရာတွင် သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုဘဲ တင်သွင်း ခွင့်ပြုပါသည်။
၁၁။ ကျသင့်သောအခွန်အခများပေးဆောင်ခြင်း (ပြည်တွင်း / ပြည်ပ)
ကုန်စည်ပြပွဲတွင် ပြသမည့် ပစ္စည်းများကို ပြပွဲကာလအတွင်းဖြစ်စေ၊ ပြပွဲပြီးသည့်နောက် ဖြစ်စေ ရောင်းချခြင်းကို အဖွဲ့ခေါင်ဆောင်၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံဘဏ်များက လက်ခံသည့် နိုင်ငံခြားငွေ ဖြင့်သာ ရောင်းချခွင့်ပြုပါသည်။ ပြည်ပနိုင်ငံတွင် ပြသရောင်းချခဲ့သည့် ပစ္စည်းများအတွက် ပေးချေ ရမည့် အခွန်များကို မပျက်မကွက်ပေးချေရန်နှင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါ ဝင်ငွေခွန်၊ ကုန်သွယ် လုပ်ငန်းခွန်များ အပါအဝင် အခွန်အရပ်ရပ်ကို သက်ဆိုင်ရာ အကောက်ခွန်ဌာနသို့ မပျက် မကွက် ပေးဆောင်ရမည် ဖြစ်ပါသည်။
၁၂။ သယ်ယူပို့ဆောင်ခြင်း
သွားရောက်ပြသမည့် ပြည်ပကုန်စည်ပြပွဲသို့ ပစ္စည်းသယ်ယူမည့် ခရီးအနီးအဝေး၊ ခရီးလမ်း အန္တရာယ်ကင်းရှင်းစေရန် အခြေအနေပေါ်မူတည်၍ ပြသမည့်ပစ္စည်းများကို လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း တို့ဖြင့် လိုအပ်သလို သယ်ယူခွင့်ပြုသွားမည်ဖြစ်ပါသည်။
၁၃။ ကိုယ်စားလှယ်လွှဲအပ်ခြင်း
ပြည်ပသို့ သွားရောက်ပြသမည့် ပစ္စည်းများ တင်ပို့တင်သွင်းရာတွင် အကောက်ခွန်ရှင်းလင်းရေး ဆိုင်ရာ လုပ်ငန်းများနှင့် တင်ပို့ခြင်းကိစ္စများ ဆောင်ရွက်ရန်အတွက် ပြည်တွင်းမှ မြန်မာနိုင်ငံသား ၊ တိုင်းရင်းသား ဝန်ဆောင်မှုလုပ်ကိုင်ခွင့် ကုမ္ပဏီ လက်မှတ်ရရှိသည့် ကုမ္ပဏီ (၁) ခုအား ကိုယ်စားလှယ် ငှားရမ်းလွှဲအပ်ခွင့် ရှိပါသည်။
၁၄။ မြန်မာနိုင်ငံကိုယ်စားပြု စုဖွဲ့သွားရောက်ခြင်း
အချို့ကုန်စည်ပြပွဲသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လိုက်ပါကြီးကြပ်နိုင်ခြင်း မရှိပါသဖြင့် သွားရောက်မည့် ကုမ္ပဏီများထဲမှ သက်ဆိုင်ရာ အသင်းချုပ်၊ အသင်းအဖွဲ့များမှ တာဝန်ပေးအပ်သည့် လုပ်ငန်းရှင်(၁)ဦးမှ ဦးဆောင်၍ ပြပွဲဆိုင်ရာ ကိစ္စအရပ်ရပ်ကို ကြီးကြပ်တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်ပါသည်။
၁၅။ ဆောင်ရန် / ရှောင်ရန်များ
ပြသသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ တည်ဆဲဥပဒေနှင့် ပြပွဲကျင်းပပြုလုပ် သည့် ပြည်ပနိုင်ငံ၏ တည်ဆဲဥပဒေများကို တိကျစွာ လိုက်နာရပါမည်။ ပြည်ပနိုင်ငံများနှင့် ပြည်တွင်းတွင် ပေးဆောင်ရမည့် အခွန်အရပ်ရပ်ကို တိကျစွာ ပေးဆောင်ရပါမည်။
၁၆။ ပြသမည့်နိုင်ငံအလိုက် သိရှိသင့်သောအချက်များ
ပြပွဲကျင်းပမည့်နိုင်ငံ၏ နိုင်ငံရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ တည်းခိုရေး၊ နေထိုင်သွားလာရေး၊ ဗီဇာရရှိရေး၊ သုံးစွဲသည့်ငွေကြေးအမျိုးအစား၊ ငွေလဲနှုန်းများကို ကြိုတင် လေ့လာသွားရန် ဖြစ်ပါသည်။
၁၇။ ပြပွဲပြသခဲ့မှုအခြေအနေ အစီရင်ခံစာတင်ပြခြင်း
ပြပွဲပြီးစီး၍ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပါက ပြပွဲတွင် ရောင်းချခြင်း၊ လှူဒါန်းခြင်း၊ အခွန်ပေးဆောင်ခြင်း၊ တွေ့ကြုံရသည့် အခက်အခဲများ၊ ကုန်သွယ်မှုမြှင့်တင်နိုင်ရေး သုံးသပ်ချက်များကို ဓါတ်ပုံမှတ်တမ်းဖြင့် ပူးတွဲ၍ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနသို့ တင်ပြသွားရန် ဖြစ်ပါသည်။
လဲ၊ ကျောက်မျက်လက်ဝတ်ရတနာနှင့် သတ္တုပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများ၊ သစ်တောထွက် ပစ္စည်းများ၊ ရှေးဟောင်း ပစ္စည်းများ)