Sunday, April 10, 2016

             ကမ္ဘာ့စီးပွားရေးမှာ နှေးကွေးကျ ဆင်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် တီထွင်ဆန်းသစ်မှုတွေကိုအားပေးတဲ့သုတေသနနဲ့ ဖွံ့ဖြိုးရေး (R&D) လုပ် ငန်းတွေထွန်းကားစေမယ့် မူဝါဒတွေ ချမှတ်သွားဖို့လိုအပ်ကြောင်းတစ်နှစ် လျှင်နှစ်ကြိမ်ထုတ်ပြန်တဲ့အစီရင်ခံစာ မထုတ်ပြန်မီပြုလုပ်တဲ့အစည်းအဝေး မှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံ ငွေအဖွဲ့(အိုင်အမ်အက်ဖ်) က တိုက်တွန်းကြောင်း အေအက်ဖ်ပီသတင်းမှာဖော်ပြပါတယ်။''သုတေသနနဲ့ ဖွံ့ဖြိုး ရေး(R&D)၊ စွန့်ဦးတီထွင်မှုအရည်အသွေးပြည့်ဝမှု နဲ့ နည်းပညာလွှဲပြောင်းမှုစတဲ့ လုပ်ငန်း တွေဆောင်ရွက်ပြီးတီထွင်ဆန်းသစ်မှုတွေကိုအားပေးရာမှာဘဏ္ဍာရေးမူဝါဒတွေကအရေးပါတဲ့အခန်းကဏ္ဍ တွေမှာ ပါ၀င်ပါတယ်''လို့ အိုင်အမ်အက်ဖ်က ပြောပါတယ်။စီးပွားရေးဖွံ့ဖြိုးရေးတိုးတက်ဖို့ အတွက်အိုင်အမ်အက်ဖ်က ပြုစုတဲ့ထောက်ခံတင်ပြချက်တွေထဲမှာ ဖွံ့ဖြိုးပြီးနိုင်ငံများက သုတေသနဖွံ့ဖြိုးရေး(R&D)အတွက် လက်ရှိရင်းနှီးမြှုပ်နှံနေတဲ့ပမာဏ ထက်၄၀ ရာခိုင်နှုန်းပိုမို ရင်းနှီးမြှုပ်နှံဖို့နဲ့ဒီလိုရင်းနှီးမြှုပ်နှံခြင်းအားဖြင့်သက်ဆိုင်ရာနိုင်ငံတွေရဲ့ဂျီဒီပီ ကို ၅ ရာခိုင်နှုန်းပိုမိုတိုးတက်စေနိုင် ကြောင်း၊ နည်းပညာလွှဲပြောင်းခြင်းဖြင့်  ကမ္ဘာ့စီးပွားရေးကို   တိုးတက် အောင် ဆောင်ရွက် ဖို့လိုကြောင်း စတဲ့အချက် တွေ ပါ၀င်ပါတယ်။ ကမ္ဘာ့စီးပွားရေးကမဆိုသလောက်သာ တိုးတက်မှုရှိနိုင်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ရမှာကို စိုးရိမ်နေရချိန်မှာတီထွင်ဆန်းသစ်မှုက ကုန် ထုတ်လုပ်မှုကို တိုးတက် အောင်ဆောင် ရွက်ရမယ့် နည်းလမ်းတစ်ခုဖြစ်ကြောင်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ  ငွေကြေးအထောက်အပံ့ရဖို့အတွက် အခက်အခဲတွေ့ကြုံတွေ့နေရချိန်မှာစီးပွားရေး ဖွံ့ဖြိုးမှု ကျဆင်းတာကို ရည်မှန်းချက် ထားပြီး  ဆောင် ရွက်တဲ့ ဘတ်ဂျက်မူဝါဒ တွေက ကုစားအောင်အထောက်အကူ ရနိုင်မှာဖြစ်ကြောင်း   အိုင်အမ်အက်ဖ်က ပြောပါတယ်။

Post Archive

MMK Exchange Rates

Currency Convertor

Tourist Visa Form

https://drive.google.com/open?id=0B3f14tZWkVe_RTdTMDBVWGNJLW8

Business Visa Form

https://drive.google.com/open?id=0B3f14tZWkVe_ZXAxamNuZl9mcE0

Trade-Fair Register

http://mtotpe.blogspot.tw/p/trade-fair-registration.html

CAEXPO Exhibitor Form

https://drive.google.com/open?id=0B3f14tZWkVe_cjU1S05UdlhwZ2s

CAEXPO Visitor Form

https://drive.google.com/open?id=0B3f14tZWkVe_T1k4RnNmZVJfemc

Change Language

Recommendent Post

Myanmar Investment Environment (CN)

國家概況 ( 緬甸-MYANMAR)              2015年11月全國民主聯盟於國會選舉中大勝,2016年3月底翁山蘇姬的親密戰友廷覺宣誓就任緬甸新總統,此時的緬甸民主之路可以說又邁進了一大步!但也隨著新政府的上臺、美國放寬經濟制裁、市場開放及外資湧入等...

Most View