Showing posts with label Myanmar Version. Show all posts
Showing posts with label Myanmar Version. Show all posts

Monday, May 8, 2017


        ထိုင်းနိုင်ငံတွင်   အားကစားပစ္စည်းအမျိုးမျိုးရောင်းချသည့် CRC Sports ကုမ္ပဏီ သည် ၂၀၂၀ ခုနှစ်တွင်  အာဆီယံဒေသတွင်း၌ အားကစားပစ္စည်းအမျိုးမျိုးရောင်းချသည့်    အကြီးဆုံးကုမ္ပဏီဖြစ် လာ ရန်နှင့် ကမ္ဘာ့ ထိပ်တန်းကုမ္ပဏီ   ၅၀ စာရင်းတွင် ၀င်ရောက်နိုင် သည်အထိ မျှော်မှန်းဆောင်ရွက်လျက်ရှိပါသည်။CRC Sports ကုမ္ပဏီသည် ထိုင်းနိုင်ငံအပြင် ဗီယက်နမ်နိုင်ငံ တွင်လည်း အရောင်းဆိုင်များ ဖွင့်လှစ်ထားရှိပြီးဖြစ်ပါသည်။
        ရင်းနှီး မြှုပ်နှံမှုတိုးချဲ့ခြင်းကို ၂၀၂၀ခုနှစ်အတွင်းဆောင်ရွက်ရာ၌ စီးပွားရေး အခွင့်အလမ်းကောင်းများရှိသည့်   ကမ္ဘောဒီးယားနိုင်ငံနှင့်မြန်မာ နိုင်ငံတို့တွင်လည်း ရင်းနှီးမြှုပ်နှံမည် ဖြစ်ပါသည်။CRC Sports သည် ထိုင်းနိုင်ငံတွင်    အားကစားပစ္စည်းများရောင်းချသည့် အကြီးဆုံး ကုမ္ပဏီတစ်ခုဖြစ်ပြီး အာဆီယံဒေသတွင် အင်ဒိုနီးရှားနိုင်ငံ ရှိMitra Adiperkasa ပြီးနောက် ဒုတိယအကြီးဆုံးကုမ္ပဏီနှင့် ကမ္ဘာ့အဆင့်  ၅၉ ရှိပါသည်။CRCသည် ရှေ့လာမည့်လေးနှစ် အတွင်း ပြည်တွင်း၌ လုပ်ငန်း တိုးချဲ့ရန်အတွက် ဘတ်သန်း ၄၀၀ ကို ရင်းနှီး မြှုပ်နှံရန်နှင့် ယခုနှစ် အတွင်း   ပြည်တွင်းရှိ အရောင်းဆိုင်ခွဲများကို  ပြန်လည်ပြင်ဆင်ရန်နှင့် အရောင်းဆိုင်အသစ် ၂၉ ဆိုင်ကို ဖွင့်လှစ်ရန်အတွက် ဘတ်သန်း၄၀၀ ကို သုံးစွဲရန်  လျာထားပါသည်။

Thursday, May 4, 2017

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်လျက်ရှိသည့် သီလဝါအထူးစီးပွားဇုန်
              ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် စတင်သည့် ဧပြီလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၂၄ ခုနှင့် ထပ်တိုးရင်းနှီးမြှုပ်နှံ ထည့်ဝင်မှုများမှ အမေရိကန်ဒေါ်လာ ၆၅၆ သန်းကျော် ခွင့်ပြုခဲ့ကြောင်း သိရသည်။
              ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးက “ ဧပြီလထဲမှာ အစည်းအဝေး ၂ ကြိမ် ကျင်းပပြီး ခွင့်ပြုခဲ့တာ ဖြစ်တယ်။ သီလဝါ အထူးစီးပွားရေးဇုန်မှာ ဒီနှစ်ထဲ ကန်ဒေါ်လာ ၁၉ သန်းကျော် ခွင့်ပြုခဲ့တယ်။ ဒီနှစ်က တာထွက်ကောင်းတဲ့နှစ် ဖြစ်တယ်။ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၁၄ ခုမှ အမေရိကန်ဒေါ်လာ ၁၈၆ သန်းကျော် ခွင့်ပြုခဲ့တယ်’’ ဟု ပြောသည်။
              ခွင့်ပြုခဲ့သည့် နိုင်ငံခြားနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ စက်မှုလုပ်ငန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း၊ လျှပ်စစ်စွမ်းအင် လုပ်ငန်း၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှု လုပ်ငန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းတို့ ဖြစ်သည်။

Friday, April 28, 2017

         စီးပွားရေးကဏ္ဍများတွင် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် Proposal များ တင်နိုင်ကြောင်း ပုဂ္ဂလိကလုပ်ငန်းရှင်များကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ရန်ကုန်မြို့တွင် ဧပြီလ (၁၀)ရက်နေ့က ကျင်းပသည့် ဒုသမ္မတနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် အောက်ပါအတိုင်း နယ်ပယ်(၁၀)ခုကို ဖိတ်ခေါ်ခဲ့ပါသည်။
၁။ ကျန်းမာရေးကဏ္ဍတွင် ပုဂ္ဂလိကဆေးရုံများ၊ သူနာပြုသင်တန်းဆိုင်ရာ သင်တန်းကျောင်းများ၊ ကျန်းမာရေးဆိုင်ရာ သင်တန်းများ၊ သားဖွားခွင့် သင်တန်းများ။ Myanmar Investment Commission (MIC)ကို Proposal တင်နိုင်။

Tuesday, April 25, 2017


           ဒီမိုကရေစီ အစိုးရသစ်လက်ထက်တွင် စီးပွားရေး ဖွံဖြိုးတိုး တက်ရေးအတွက် စီးပွားရေး မူ၀ါဒ  ၁၂ ရပ် ချမှတ် ဆောင်ရွက် လျက်ရှိရာ  စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန အနေဖြင့်လည်း ယင်းစီးပွားရေး မူ၀ါဒများနှင့်အညီ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခဲ့ရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံနှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံရရှိတဲ့အတွက် ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ  ၂၉  ဘီလီယံရရှိခဲ့ပါတယ်။ ယခင်နှစ်နဲ့ နှိုင်းယှဉ်ကြည့်ရင် ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာသန်း ၅၀၀ ခန့်နဲ့ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၆၀၀ရရှိခဲ့တဲ့အတွက် ကုန်သွယ်မှုပမာဏ အမေရိ ကန်ဒေါ်လာ သန်း ၁၁၀၀ ခန့် ပိုမိုတိုးတက်ဆောင်ရွက်လာနိုင် ကြောင်း တွေ့ရှိရ ပါတယ်။

Tuesday, March 28, 2017

VNA/VNS Photo Dinh Hue
          ကမ္ဘာတွင် ဆန်အများဆုံး တင်ပို့ရောင်းချသည့် နိုင်ငံများတွင် အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံတို့သည် လက်ရှိတွင် ပြည်ပမှ ဆန်၀ယ်လိုအား ကျဆင်းလာခြင်းနှင့် တရုတ်နိုင်ငံမှ ယှဉ်ပြိုင်မှု မြင့်တက်လာခြင်းတို့ကြောင့် ပြည်ပသို့ ဆန်တင်ပို့ရောင်းချ ရာတွင် ယခင်က ခန့်မှန်းထားသည့် ပမာဏထက်  လျော့နည်း ကျဆင်းသွားနိုင်ကြောင်း အမေရိ ကန်ပြည်ထောင်စု စိုက်ပျိုးရေးဌာန(USDA)က ထုတ်ပြန်သည့် မတ်လအစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရှိရသည်။
         အနောက်အာဖရိကနိုင်ငံများသို့  ဆန်တင်ပို့ရောင်းချရာတွင် ယှဉ်ပြိုင်မှု မြင့်မားလာခြင်းနှင့် ဆန်ရောင်းချရမှု ကျဆင်း လာခြင်းကြောင့် အိန္ဒိယနိုင်ငံ၏ ယခုနှစ်အတွက် ပြည်ပသို့ ဆန်တင်ပို့မှု ပမာဏသည် တန်ချိန် (၁၀) သန်းသာရှိနိုင်မည် ဖြစ်ကြောင်း၊ အဆိုပါပမာဏသည် ၂၀၁၇အတွက် ထိုင်းနိုင်ငံမှ မျှော်မှန်းထားသည့် ပြည်ပသို့ဆန်တင်ပို့မှုပမာဏနှင့် တူညီ လာနိုင်ကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။
         အရှေ့အာရှနှင့် အနောက်အာဖရိကနိုင်ငံများတွင် မြင့်တက်လာသည့် ဆန်ရောင်းချရမှုကို ရည်ညွှန်းကာ ယခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ပြည်ပသို့ ဆန်တင်ပို့မှုပမာဏကို ယခင်ခန့်မှန်းထားသည့် ဆန်တန်ချိန် (၂၂၅၀၀၀) မှ ဆန်တန်ချိန် (၅၀၀၀၀၀)အထိ  ရှိလာမည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။
         ထို့အပြင် အဆိုပါအစီရင်ခံစာတွင် ဗီယက်နမ်နိုင်ငံ၏ ယခုနှစ်အတွင်း  ဆန်ပြည်ပ တင်ပို့နိုင်မှုမှာလည်း အရှေ့တောင် အာရှနှင့် အာဖရိကနိုင်ငံများသို့ ဆန်ရောင်းချမှု လျော့နည်းလာသဖြင့် ယခင်ခန့်မှန်းထားသည့် ပမာဏမှ (.)ရာခိုင်နှုန်း လျှော့ချပြီး  ဆန်တန်ချိန် (.)သန်းသာ တင်ပို့နိုင်မည်ဟု အဆိုပါ အစီရင်ခံစာတွင် ခန့်မှန်းထားသည်။
           ၂၀၁၆ ခုနှစ်က အိန္ဒိယနိုင်ငံသည် ကမ္ဘာတွင် ဆန်အများဆုံး တင်ပို့ရောင်းချသည့် နိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံသည် ကမ္ဘာတွင် ဒုတိယမြောက် ဆန်အများဆုံး တင်ပို့ရောင်းချသည့် နိုင်ငံဖြစ်ခဲ့သည်။ (USDA)၏ ၂၀၁၇ခုနှစ် မတ်လ အစီရင်ခံစာအရမူ အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ၂၀၁၇ ခုနှစ်တွင် ဆန်အများဆုံး တင်ပို့ရောင်းချသည့် နိုင်ငံအဖြစ် ရပ်တည်ကာ ဗီယက်နမ်နိုင်ငံနှင့်  ပါကစ္စတန်နိုင်ငံတို့က ၎င်းတို့နောက်တွင် ရပ်တည်နေမည်ဖြစ်သည်။
          ယခုလအတွင်း ထုတ်ပြန်ခဲ့သည့် ဗီယက်နမ်အကောက် ခွန်ဌာန၏ စာရင်းများအရ ဗီယက်နမ်နိုင်ငံသည် ၂၀၁၇ ခုနှစ် ပထမ(၂)လအတွင်း ပြည်ပသို့ အမေရိကန်ဒေါ်လာ   (၃၁၄) သန်းတန်ဖိုးရှိ  ဆန်တန်ချိန်  (၇၃၈၀၀၀)  တန်တင်ပို့ ရောင်းချခဲ့ပြီး    အဆိုပါပမာဏသည် ယခင်နှစ် ကာလတူထက် တန်ချိန် (၂၃.) ရာခိုင်နှုန်း၊  တန်ဖိုးအားဖြင့်  (၂၄.)ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း သိရှိရသည်။
စန္ဒာထွန်း(TTI)
Source>>>Commerce Journal,Vol 17, No.12

Wednesday, March 15, 2017

         ဖေဖော်၀ါရီ ၂၅ ရက်မှ မတ်လ ၃ ရက်အထိ သီတင်းပတ်အတွင်း မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၂၄ သန်းဖိုးရှိ ရော်ဘာတန် ၂၀၁၃တန်ခန့် တင်ပို့ခဲ့တဲ့အနက် RSS 1 ၁၁၆တန်ကျော်၊ RSS 3 ၁၅၄၈တန်ကျော်၊ MSR 20 ၃၃၂တန်နဲ့ MSR 50 ၁၆တန် ဖြစ်ပါတယ်။ အလားတူ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၆၉၆ သန်းဖိုးရှိ RSS 1 ၄၃၄တန်ခန့်နဲ့ RSS 3 ၁၇တန်ကျော်၊ မြိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၂၀၆ သန်းဖိုးရှိ MSR 20 ၁၂၅တန်ကျော်တင်ပို့ခဲ့ရာ စခန်းအားလုံးမှ စုစုပေါင်း တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၂၆ သန်းဖိုးနဲ့ တန်ချိန် ၂၅၈၉ကျော်ဖြစ်ပါတယ်။ ယခင်တစ်ပတ်က ၄၃၈၂တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၈၉၃ တန်လျော့နည်း တင်ပို့ခဲ့ပါတယ်။
            ဖေဖော်၀ါရီလအတွင်းမှာ ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၀၈၇ သန်းဖိုးရှိ ရော်ဘာ အမျိုးအစားစုံ ၁၁၇၅၂တန် တင်ပို့ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလဖြစ်တဲ့ ဇန်န၀ါရီလက ရော်ဘာ ၁၃၅၀၀တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုလမှာ ၁၇၄၉ တန် လျော့နည်းတင်ပို့ ခဲ့ပါတယ်။ ယခုလမှာ ရော်ဘာတင်ပို့မှု လျော့နည်းသလို ဖေဖော်၀ါရီလဆန်းပိုင်းက တက်ခဲ့တဲ့ ရော်ဘာဈေးဟာလည်း ယခုတစ်ပါတ်မှာ  ပြန်ကျသွားပါတယ်။  မူဆယ်ကုန်စည်ဒိုင် RSS 3ဈေးမှာ တစ်တန်ကို ကျပ် ၂၇ ဒသမ ၁၆ သိန်းနဲ့ RSS 5 မှာ တစ်တန်ကို ကျပ် ၂၆ ဒသမ ၁၉၇ သိန်းဖြစ်ပါ တယ်။ ယခင်တစ်ပတ်ဈေးထက် တစ်တန်ကို ကျပ် ၁၄၀၀၀ ဈေးကျပါတယ်။
            ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဖေဖော်၀ါရီ ၂၆ ရက်မှ မတ် ၄ ရက်အထိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၇၂ သန်းဖိုးရှိ ရော်ဘာ ၇၇၄ တန် တင်ပို့ခဲ့တဲ့အနက် မလေးရှားနိုင်ငံသို့ RSS 3 ၅၀၅တန်၊ ဂျပန်နိုင်ငံသို့ MSR 20 TSR ၉၈တန်၊  စင်ကာပူနိုင်ငံသို့ MSR 20 TSR ၁၃၁တန်ကျော်၊ သြစတြေးလျနိုင်ငံသို့ RSS 3 တန် ၄၀ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၈၈၇တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်တင်ပို့မှုတွင် ၁၁၃တန်လျော့ကျခဲ့ပါတယ်။ ဖေဖော်၀ါရီ တစ်လလုံးမှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၅၄၃ သန်းဖိုးရှိ ရော်ဘာ ၃၇၀၁တန်ကျော် တင်ပို့ခဲ့ပါတယ်။ အနီးစပ်ဆုံး ဇန်န၀ါရီလက ရော်ဘာ ၄၁၄၇တန် တင်ပို့ခဲ့တဲ့အတွက် ယခုလမှာ ၄၄၆တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။
          ထိုင်းနိုင်ငံမှာ ရော်ဘာတန်ချိန် တစ်သိန်းကျော်ကို လေလံပစ်ခဲ့တဲ့အတွက် နိုင်ငံတကာ ရော်ဘာဈေး ကျဆင်းခဲ့ပေမယ့် မြန်မာ့ရော်ဘာဈေးကိုတော့ ယခင်တစ်ပတ်က ဈေးအတိုင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းက ထုတ်ပြန်ထားကြောင်း သိရှိရပါတယ်။

Thursday, March 2, 2017

ShHa Group

ထိုင်းနိုင်ငံတွင် စားသောက်ကုန် နှင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုတွင် အကြီးဆုံးစီးပွားရေးလုပ်ငန်းစုကြီး ဖြစ် သောSaha  သည်  အိမ်နီးချင်းနိုင်ငံများ၌ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့မည်ဖြစ်ရာ အဓိကအားဖြင့် မြန်မာနိုင်ငံတွင် ဦးစား ပေး ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြ ထားပါသည်Saha သည် ကမ္ဘောဒီးယားနိုင်ငံ တွင် တိုးချဲ့ရင်းနှီးမြှုပ်နှံမှု အပါအဝင် စုစုပေါင်းဘတ်တစ်သန်းကို ရင်းနှီး မြှုပ်နှံထားပြီး လာအိုနိုင်ငံတွင် ဘတ် သန်း ၆၀၀ ကို ရင်းနှီးမြှုပ်နှံထားပါသည်။
Saha   သည် ရန်ကုန်တွင် ခေါက်ဆွဲ စက်ရုံတစ်ရုံနှင့် မန္တလေးမြို့တွင် နောက် ထပMama  ခေါက်ဆွဲစက်ရုံသစ်ကို  ၂၀၁၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွငိSaha ၏ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း  ဘတ်နှစ်ဘီလီယံ  ရှိလာ ကြောင်း၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ် များတွင် မြန်မာနိုင်ငံ၌ ကုမ္ပဏီ၏ရောင်းအားသည် ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး၊ နောက်ထပ်တိုးတက်မည့် အလားအလာများရှိကြောင်း၊  မြန်မာ နိုင်ငံသည်  အိန္ဒိယ၊  ဘင်္ဂလားဒေ့ရှ်၊ တရုတ် စသည့်နိုင်ငံများသို့  အလွယ် တကူ ချိတ်ဆက်နိုင်သော အချက်အခြာ ကျသည့် တည်နေရာတွင်ရှိကြောင်း၊Saha ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခု ဖြစ်သညWacoal သည်လည်း အမျိုး သမီး အဝတ်အစား အမျိုးမျိုး ထုတ်လုပ် သည့် စက်ရုံကို မြန်မာနိုင်ငံတွင် တည် ဆောက်ပြီးဖြစ်ကြောင်း Saha လုပ်ငန်းစု ၏ ဥက္ကဋ္ဌ Boonsithi Chokwatana  ကပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံရှိ အခြေခံအဆောက် အအုံများ ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျခြင်း သည် ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့် အလမ်းတစ်ရပ်ဖြစ်ကြောင်း၊ ယခု အချိန်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် မြန်မာနိုင်ငံအပေါ် ယုံယုံ ကြည်ကြည်ဖြင့် ရင်းနှီးမြှုပ်နှံလာသည် ကို တွေ့ရှိရကြောင်း၊ အထူးသဖြင့် ဂျပန် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးတက် လာပြီး သီလဝါ အထူးစီးပွားရေးဇုန်တွင် ဂျပန်ကုမ္ပဏီ ၃၈ ခု ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်ကြောင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်နိုင်ငံများသို့ ယခင်ထက် လွယ် ကူစွာကုန်သွယ်မှုပြုနိုင်ရန်အတွက် မြန်မာနိုင်ငံ၏ အခြေခံ အဆောက် အအုံကဏ္ဍသည် အလျင်အမြန်ဖွံ့ဖြိုး တိုးတက်လာရန် လိုအပ်ကြောင်း ဖော်ပြ ထားပါသည်။
ကျော်သူရ၊စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို့


Wednesday, February 8, 2017

ယခုနှစ်ဆန်နှင့် ဆန်ကွဲတန်ချိန် ၁.၂သန်းခန့် တင်ပို့နိုင်ပြီး ယခင်နှစ်ထက် ပို့ကုန် အမေရိကန် ဒေါ်လာ၇၀၀ကျော် ပိုမိုတင်ပို့နိုင်
စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေး  ဝန်ကြီးဌာနဟာ နိုင်ငံတော်က ချမှတ်ထားတဲ့ စီးပွားရေးမူဝါဒ ၁၂ရပ် အနက်  ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာ ဖူလုံစေရေးနှင့် ပို့ကုန်မြှင့်တင်နိုင် ရေးတို့အတွက် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စက်မှုကဏ္ဍ များဘက်စုံညီစွာ တိုးတက် လာစေရန်နှင့် လယ်ယာစက်မှုကဏ္ဍ ချိန်ခွင်လျှာကိုက်ညီသည့် စီးပွားရေး ပုံစံဖော်ထုတ်ရန် ဆိုတဲ့အချက် ခြောက်ချက်နဲ့အညီ  အကောင်အထည်ဖော်   ဆောင်ရွက်ခဲ့ရာမှာ လယ်ယာကဏ္ဍက ထွက်ရှိတဲ့ ပို့ကုန်တွေကို ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ ရမှာဖြစ်ပါတယ်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနစှ  f ဇနန် ဝါရလီ  တတိယပတ်အထိ မြန်မာ နိုင်ငံရဲ့ ကုန်သွယ်မှုအခြေအနေကို ကြည့်လျှင် ပို့ကုန်အမေရိကန် ဒေါ်လာ ၉ ဘီလီယံ ကျော် တင်ပို့နိုင်ပြီး သွင်းကုန်အမေရိကန် ဒေါ်လာ ၁၃ ဘီလီယံကျော် တင်သွင်းခဲ့တဲ့အတွက် ကုန်သွယ်မှုပမာဏ အမေ ရိကန်ဒေါ်လာ ၂၂ ဘီလီယံကျော် ဆောင် ရွက်နိုင်ခဲ့တာကို တွေ့ရ မှာဖြစ်ပါတယ်။ အဲဒီပမာဏကို ပြီးခဲ့တဲ့နှစ်ကာလတူက အခြေ အနေနဲ့နှိုင်းယှဉ်ရင်တော့ ပို့ကုန်  ကဏ္ဍမှာ အမေရိကန်ဒေါ်လာသန်း ၇၀၀ ကျော် ပိုမိုတင်ပို့နိုင်ပြီး သွင်းကုန်  ကဏ္ဍမှာ အမေရိကန်ဒေါ်လာ သန်း ၅၇၀ ကျော် လျော့နည်းတဲ့အတွက် ကုန်သွယ်မှု ပမာဏ အမေ ရိကန်ဒေါ်လာသန်း ၁၃၀ ကျော် ပိုမို ဆောင်ရွက်နိုင်တာကို တွေ့ရှိ ရမှာဖြစ်ပါတယ်။
ပို့ကုန်တင်ပို့မှုမှာ သဘာ၀ဓါတ်ငွေ့ တင်ပို့မှုက ၂၆ ရာခိုင်နှုန်းနဲ့ ပထမနေရာမှာ ရှိနေပြီး လယ်ယာကဏ္ဍတင်ပို့မှုက ၂၄ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ CMP ကဏ္ဍတင်ပို့မှုက ၂၀ ရာခိုင်နှုန်းနဲ့တတိယ နေရာမှာ ရှိနေပြီး ကျန် ရေထွက်ကုန်ပစ္စည်းကဏ္ဍ၊ သတ္ထုတွင်းထွက်ပစ္စည်း၊ သစ်တောထွက် ပစ္စည်းနှင့် အခြားပစ္စည်းတွေရဲ့  တင်ပို့ခဲ့တဲ့ပမာဏကတော့ ရာခိုင် နှုန်း ၃၀ သာရှိတာကို တွေ့ရမှာဖြစ်ပါတယ်။

အဲဒီလို  ပို့ကုန်တင်ပို့မှုတွေအနက် လယ်ယာကဏ္ဍတင်ပို့မှုကို အနည်းငယ် သုံးသပ်ကြည့်မယ်ဆိုရင် အမေရိကန်ဒေါ် လာ ၁၁၆၂ သန်း တန်ဖိုးရှိတဲ့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၁သန်း ခန့်တင်ပို့နိုင်ခဲ့သလို အမေရိကန်ဒေါ်လာ သန်း ၃၈၀ ခန့်တန် ဖိုးရှိတဲ့ ဆန်နဲ့ဆန်ကွဲတန်ချိန် ၁ ဒသမ ၂ သန်းခန့်တင်ပို့နိုင်ခဲ့တာကို တွေ့ရမှာဖြစ်ပါ တယ်။
ဒါ့အပြင် အမေရိကန်ဒေါ်လာ ၁၈၅ သန်းခန့်တန်ဖိုးရှိတဲ့ ပြောင်းတန်ချိန် ကိုးသိန်းခန့်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၂၇ သန်းတန်ဖိုးရှိတဲ့နှမ်းတန်ချိန် ကိုးသောင်းကျော်၊ အမေရိကန်ဒေါ်လာ ၁၃၅ သန်းတန်ဖိုးရှိတဲ့ ရော်ဘာစိမ်းတန် ချိန် တစ်သိန်းကျော် တင်ပို့နိုင်ခဲ့တဲ့အတွက် လယ်ယာကဏ္ဍက ထွက်ရှိတဲ့ကုန်ပစ္စည်း တွေတင်ပို့မှုက ပို့ကုန်တိုးမြှင့်ရေးအတွက် များစွာ အထောက်အကူ ဖြစ်နေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။
မြန်မာ့လယ်ယာထွက်ကုန်တင်ပို့မှု တွေအနက် ဆန်နဲ့ဆန်ကွဲ တင်ပို့မှုကို သုံးသပ်ကြည့်ပါက ပင်လယ်ရေကြောင်းမှ  အမေရိကန် ဒေါ်လာသန်း ၁၂၀ တန်ဖိုးရှိတဲ့ ဆန်နဲ့ဆန်ကွဲတန်ချိန် လေးသိန်း ကျော် တင်ပို့နိုင်ခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂၅၆ သန်းတန်ဖိုးရှိတဲ့ ဆန်နဲ့ ဆန်ကွဲ တန်ချိန် ရှစ်သိန်းခန့်ကို တင်ပို့နိုင်ခဲ့ တာကို တွေ့ရမှာဖြစ်ပါတယ်။
ဒီအချက်ကိုကြည့်ရင် နယ်စပ်ကုန်သွယ်မှုပမာဏဟာ စုစုပေါင်း တင်ပို့မှုရဲ့ ၆၈ ရာခိုင်နှုန်းရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့နယ် နိမိတ်ထိစပ်မှုရှည်လျားတာ ကြောင့် မြန်မာနိုင်ငံက ထွက်ရှိတဲ့လယ်ယာထွက်ကုန်တွေကို တရုတ် နိုင်ငံကိုသာ အဓိကထားပြီး တင်ပို့နေရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းတွေအနက် မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ဟာ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုမှာ အဓိကအချက်အခြာကျတဲ့ ကုန်သွယ်ရေးဇုန်တစ်ခုလည်း ဖြစ်ပါတယ်။
အဲဒီမူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေး ဇုန်ကနေ တရုတ်နိုင်ငံကို ဆန်နဲ့ဆန်ကွဲ တန်ချိန် လေးသိန်းခွဲတင်ပို့နိုင်ခဲ့ပါတယ်။ အလားတူ တရုတ်နယ်စပ်နဲ့ထိစပ်နေတဲ့ အခြားသောကုန်သွယ်ရေးစခန်းတွေဖြစ် တဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဆန် နဲ့ဆန်ကွဲတန်ချိန် သုံးသိန်း ခန့်၊ ချင်းရွှေဟော်စခန်းမှ ဆန်နဲ့ဆန်ကွဲတန်ချိန် နှစ်သောင်းခန့် တင်ပို့နိုင်ခဲ့ပြီး ကျန်ကုန်သွယ်ရေးစခန်းတွေဖြစ်တဲ့ ကန်ပိုက်တီ၊ ကျိုင်းတုံနဲ့ တာချီလိတ်စခန်းတွေကတော့ တင်ပို့နိုင်ခဲ့တာကို တွေ့ ရမှာဖြစ်ပါတယ်။
မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန် ဟာ မြန်မာနိုင်ငံရဲ့ နယ်စပ် ကုန်သွယ်မှုမှာ အဓိက အကျဆုံး ကုန်သွယ်ရေးစခန်းပဲ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်က အကြမ်းဖက်သောင်းကျန်းသူ များရဲ့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ ၂၄ ရက်အထိ ကုန်သွယ်မှုများ ယာယီရပ်ဆိုင်းသွားခဲ့ရပါတယ်။ ဒါပေမဲ့လည်း တပ်မတော်စစ်ကြောင်းများက နယ်မြေအေးချမ်း တည်ငြိမ်ရေးအတွက် အချိန်နဲ့တစ်ပြေးညီ ဝင် ရောက်ထိန်းသိမ်းပေးခဲ့ သလို ကုန်သွယ်ရေးဦးစီးဌာနနဲ့ OSSအဖွဲ့ဝင်ဝန်ထမ်းများ၊ ဒေသ အုပ်ချုပ်ရေးအဖွဲ့ဝင်များနဲ့ ကုန်သည်လုပ်ငန်းရှင်များရဲ့ ပူးပေါင်း ဆောင် ရွက်မှုကြောင့် နိုဝင်ဘာလ ၂၅ ရက်မှာ လုပ်ငန်းများ ပုံမှန် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ယခုအချိန်မှာတော့ မူဆယ်(၁၀၅) မိုင်  ကုန်သွယ်ရေးဇုန်မှာ ဒေသတည်ငြိမ် အေးချမ်းမှုရရှိလာပြီဖြစ်တဲ့အတွက် ကုန် သွယ်မှုကို အရှိန်အဟုန်နဲ့ ပြန်လည်ဆောင် ရွက်နေပြီဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်မှုများကို ဆောင်ရွက်ရာမှာ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးဟာအခြေခံကျတဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။ နယ် မြေဒေသတည်ငြိမ်အေးချမ်း မှသာ ကုန်သွယ်မှုလုပ်ငန်းများကို အဆင်ပြေချောမွေ့ စွာဆောင်ရွက် နိုင်မှာဖြစ်ပါတယ်။
ဒါပေမဲ့လည်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သို့ သွားရာ လမ်းတွေဖြစ်တဲ့ ကွတ်ခိုင်၊ နမ့်ဖတ်ကာ၊ နမ့်ဆန်ဒေသ တွေမှာတော့ နယ်မြေအေးချမ်းမှု သိပ်မရရှိ သေးတာတွေ့ရပါတယ်။ ဒါကြောင့်လည်း ကုန်သည်လုပ်ငန်း ရှင်များဟာ လမ်းခရီးသွား လာရေးလုံခြုံမှုရှိတဲ့ လွယ်ဂျယ်စခန်းနဲ့ ချင်းရွှေဟော်စခန်းတို့မှ တစ်ဆင့် ကုန်သွယ်မှုတွေကို ယခင်ကထက် ပိုမိုဆောင်ရွက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။
ယခင်က တရုတ်နိုင်ငံသို့ ဆန်တင်ပို့ ရာမှာ မြန်မာ့ဆန်များကို တစ်ဖက်နိုင်ငံက ကုန်သည်တွေက မကြာခဏဆိုသလို ဆန်ရဲ့ အရည်အသွေးပေါ်မူတည်ပြီး ငြင်းပယ်ခဲ့တဲ့အတွက် မြန်မာဆန်ကုန် သည်တွေဟာ နစ်နာဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။ ဒါကြောင့်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေဟာ မိမိနိုင်ငံကထွက်ရှိတဲ့ ဆန်များ ကို အရည်အသွေးကောင်းဆန်များ၊ တန်းမြင့်ဆန်များ ထွက်ပေါ် လာစေရေးနဲ့ ဈေးကွက်ဝင်စံချိန်စံညွှန်းနဲ့အညီ ဖြစ်ပေါ်လာစေ ရေးတို့အတွက် တစ်ဖက်နိုင်ငံက ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်း ဆောင်ရွက်ခဲ့ပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့ AQSIQမှ  ပညာရပ်ပိုင်း ဆိုင်ရာ ကျွမ်းကျင်သူများနဲ့ မြန်မာနိုင်ငံ   ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများ   တွေ့ဆုံခဲ့ကြပြီး   တန်းမြင့်ဆန်ရရှိရေး၊ ပြည်ပဈေး ကွက်ဝင်ဆန်များရရှိရေးတို့ကို ဆောင်ရွက်ပေးခဲ့ပါတယ်။
အဲဒီလို ဆောင်ရွက်ပေးခဲ့တဲ့အတွက်  မြန်မာနိုင်ငံကထွက်ရှိ လာတဲ့ဆန်တွေဟာ  ပြည်ပဈေးကွက်ဝင်တဲ့ဆန်များအဖြစ် နာမည် ပြန်လည်ရရှိလာခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဆိုင်ရာ အင်ဒို နီးရှားနိုင်ငံ သံအမတ်ကြီး နဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနဲ့တွေ့ဆုံစဉ်က မြန်မာနိုင်ငံမှ ဆန်ကို ပိုမိုဝယ်ယူရေးအတွက် ဆန်ပိုမိုတင်ပို့နိုင်ရေး နှစ်နိုင်ငံအစိုးရခြင်း   နားလညမ် စာချွန်လွှာလက် မှတ်ရေးထိုး နိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ဖိလစ်ပိုင်နိုင်ငံကလည်း  မြန်မာနိုင်ငံမှဆန်ကို ဝယ်ယူ ဖို့ ကမ်းလှမ်းလာတဲ့အတွက် အစိုးရခြင်းချိတ်ဆက်ပြီး ရောင်းချနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၉ ရက်နဲ့ ၁၀ ရက်  ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့မှာ ကျင်းပတဲ့ (၈)ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးပူးတွဲကော်မရှင် အစည်းအဝေးမှာလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း တွေဖြစ်တဲ့ ဆန်၊ ကြက် သွန်နီ၊ ပဲအမျိုးမျိုးတို့ကို ပင်လယ်ရေကြောင်းမှ တင်ပို့လိုကြောင်း မြန်မာကိုယ်စားလှယ်အဖွဲ့က ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ သီရိ လင်္ကာနိုင်ငံသံအမတ်ကြီးနဲ့ ပြည်ထောင်စု ဝန်ကြီးတို့ ဇန်နဝါရီလ ၂၃ ရက်က တွေ့ဆုံခဲ့စဉ် သီရိလင်္ကာနိုင်ငံအနေဖြင့် မြန်မာ နိုင်ငံမှ ဆန်တန်ချိန် ငါးသောင်းကို ဝယ်ယူခွင့်ရရှိဖို့အတွက်  နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး လိုကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒါကြောင့် သီရိလင်္ကာနိုင်ငံသို့ ဆန်တင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံဆန်စပါး အသင်း ချုပ်မှတာဝန်ရှိသူများဟာ သီရိ လင်္ကာနိုင်ငံမှ တာဝန်ရှိသူများနဲ့ အသေး စိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့  အဓိကသယံဇာတပို့ကုန်ဖြစ်တဲ့   သဘာ၀ ဓာတ်ငွေ့ဟာ ကမ္ဘာ့ဈေးကျဆင်းလာခဲ့သလို   ထုတ်လုပ်မှုကလည်း တဖြည်းဖြည်း လျော့နည်းလာခဲ့တဲ့အတွက် ပို့ကုန်ပမာဏ လျော့ ကျသွားခဲ့ရပါတယ်။ ဒါပေမဲ့လည်း လယ်ယာထွက်ကုန်များကို ပိုမိုတင်ပို့နိုင်ဖို့ ကြိုး ပမ်းဆောင် ရွက်လျက်ရှိတာကြောင့် ကုန်သွယ်မှုပမာဏ ပိုမိုမြင့်တက် လာအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
အခုလို ဆောင်ရွက်ခဲ့မှုများကြောင့် မြန်မာနိုင်ငံမှာသာမက တစ်ကမ္ဘာလုံးမှာ ဖြစ်ပေါ်ခဲ့တဲ့ သဘာ၀ဘေးအန္တရာယ်ကျရောက်မှု များ၊ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုမရှိခြင်းများ စတဲ့ကုန်သွယ်မှုကို အဟန့်အတားတွေ၊ အတားအဆီးတွေ ဖြစ်ပေါ်ခဲ့ပေမယ့် စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရှိ တာဝန်ရှိသူ အဆင့်ဆင့်ရဲ့ ကြိုးပမ်းဆောင်ရွက်မှု၊ ဒေသခံ အသင်းအဖွဲ့များ၊ ကုန်သည် လုပ် ငန်းရှင်များ၊ ဆက်စပ်ဌာနများနဲ့ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်မှုများ ကြောင့် ပို့ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာသန်း ၇၀၀ ကျော် ပိုမို ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း   စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့   နိုင်ငံတော်ရဲ့  စီးပွားရေးဖွံ့ဖြိုးတိုးတက်လာဖို့ အတွက် ပို့ကုန်သုံးဆ တိုးမြှင့်ရေးကို ရည် မှန်းချက်ထားရှိကာ အခက် အခဲများ၊ စိန်ခေါ်မှုများကြားမှ ပို့ကုန်တိုးမြှင့်ရေးကို ဘက်ပေါင်းစုံမှ ဆောင်ရွက်နေတာဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
လာမည့် ၃နှစ်အတွက် မြန်မာ့စီးပွားရေးတိုးတက်မှု မြင့်တက်မည်ခန့်မှန်း ထားသည် / Reuters
ငွေကြေးဖောင်းပွမှု လျှော့ကျလာပြီး အခြေခံ အဆောက်အအုံ၊ အသေးစား ကုန်ထုတ်လုပ်ငန်းနှင့် ဟိုတယ်ခရီးသွားလုပ်ငန်း ကဲ့သို့သော ကဏ္ဍများတွင် ရင်နှီးမြှုပ်နှံမှု တိုးတက်လာသောကြောင့် မြန်မာ့စီးပွားရေးသည် ရှေ့လာမည့် ၃ နှစ်အတွင်း တနှစ်လျှင် ပျမ်းမျှ ရ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ရန် မျှော်လင့်ထားကြောင်း တနင်္လာနေ့က ကမ္ဘာ့ဘဏ်အစီရင်ခံစာတစောင်ကဆိုသည်။
စီးပွားရေးရှေ့ အလားအလာမှာ နှိုင်းယှဉ်ချက်အားဖြင့် ကောင်းသော်လည်း တည်ငြိမ်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအ တွက် အန္တရာယ်များတွင် ကျဉ်းမြောင်းသော ကုန်ထုတ်လုပ်မှု အခြေခံ၊ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာသော ကမ္ဘာ့ ဈေးကွက်၊ ကုန်စည် အမျိုးအမည် ကွဲပြားမှု မရှိခြင်းနှင့် နိုင်ငံတကာ ကုန်စည်ဈေးများ မြင့်မားလာခြင်းတို့ပါဝင်သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒများ ရှင်းလင်းမှု၊ ဆက်သွယ်နိုင်မှု၊ အယုံအကြည်ရှိမှုတို့ကို ပိုမိုတိုးတက်ကောင်းမွန်အောင်ပြုလုပ်ခြင်းဖြင့် ရင်းနှီးမြှုုပ်နှံသူများအကြား သတိကြီးကြီးထားသော နည်းလမ်းကို အသုံးပြုရန် ပြင်ဆင်ရမည်ဟု ထိုအစီရင်ခံစာက အကြံပြုသည်။
ပြီးခဲ့တဲ့နှစ်အတွင်း ဇူလိုင်လက ထုတ်ပြန်သည့် အချက် ၁၂ ချက်ပါ စီးပွားရေး မူဝါဒများ အရ စီးပွားရေး ရည်မှန်းချက်ကို ကာလတို စီးပွားရေး မူဝါဒများနှင့် အခြေအနေများကို ပုံမှန်ပြန်လည် အစီရင်ခံခြင်းနှင့် ပေါင်းစပ်ပါက စီးပွားရေး မျှော်မှန်း ချက်များကို ပိုမိုခိုင်မာစေရန်နှင့် ရင်းနှီးမြှုုပ်နှံသူများ၏ ယုံကြည်မှုကို ထိန်းသိမ်းရန် အထောက်အကူ ပြုနိုင်သည်ဟုလည်း အစီရင်ခံစာက ဆိုသည်။
“ရေရှည်တည်ငြိမ်ပြီး အားလုံး ခံစားနိုင်တဲ့ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ မူဝါဒတွေဟာ မြန်မာပြည်သူတွေ ဝင်ငွေရပြီး ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်တွေရဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့အတွက် အရေးကြီးပါတယ်။ ဒါတွေဟာ ဆင်း ရဲတဲ့သူတွေ ကို အထိခိုက်ဆုံးဖြစ်တဲ့ ငွေကြေးဖောင်းပွမှုကို လျှော့ချရာမှာလည်း အရေးပါပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ ဆိုင်ရာ မန်နေဂျာ Abdoulaye Seck က ပြောသည်။
၂၀၁၇ ခုနှစ် အတွက် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းမှာ ၂၀၁၅- ၁၆ ခုနှစ်က ရ ဒသမ ၃ ရာခိုင်နှုန်း မှ ၂၀၁၇ တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ လျော့ကျသွားမည်ဟု ကမ္ဘာ့ဘဏ်က မျှော်လင့်သည်။ နိုင်ငံသည် ယခင်နှစ်က ရေလွှမ်းမိုးမှုများကြောင့် ထုတ်လုပ်မှု ကျဆင်းပြီး အစိုးရသစ်သည် တာဝန်ယူပြီး ပထမ ၆ လအတွင်း စီးပွားရေး ခက်ခဲသော စီးပွားရေး ဝန်းကျင်တွင် လမ်းကြောင်း ရှာနေရသည်။ ရေလွှမ်းမိုးမှုနှင့် အတူ ကုန်စည်ဈေးနှုန်း ကျဆင်းခြင်းနှင့် ရင်းနှီးမြှုုပ်နှံမှု ကျဆင်းခြင်း ဘဏ္ဍာရေးရှင်းတမ်းကို ကွာဟစေပြီး လိုငွေပြစေသည်ဟု အစီရင်ခံစာက ပြောသည်။
ကိုမင်ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဖြစ်ပါ်သော ရေလွှမ်းမိုးမှုမှ စိုက်ပျိုးရေး ကဏ္ဍ ပြန်လည် နလံထရေးမှာလည်း မျိုးစေ့ညံ့ ဖျင်းမှု၊ ဓာတ်မြေသြဇာ ရရှိမှု စသည့် ကဏ္ဍအတွင်း နှစ်ပေါင်းများစွာ ကန့်သတ်ချက်များကြောင့် အဟန့်အတား ကြုံရသည် ဟု အစီရင်ခံစာက ဆိုသည်။

Source>Reuters

Tuesday, January 24, 2017

မြန်မာနိုင်ငံ ပဲတင်ပို့မှုသည် ယခုဘဏ္ဍာနှစ် ပထမကိုးလတွင် တန်ချိန်တစ်သန်းအထိ ရှိခဲ့ပြီး ၎င်းကနေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထိ ရှိခဲ့သည်ဟု သိရသည်။
ယခင်နှစ် ကာလတူ တင်ပို့မှုသည် တန်ချိန်၁၅၀ဝဝဝသာ ရှိခဲ့ရာ ယခုဘဏ္ဍာနှစ် ဇန်နဝါရီလ၆ရက်နေ့အထိ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျော်အထိ ရှိခဲ့သည်။ မြန်မာနိုင်ငံက ပဲများကို အိန္ဒိယ၊ တရုတ်နှင့် အင်ဒိုနီးရှား၊  ဂျပန်နှင့် ဥရောပနိုင်ငံများသို့ အဓိကထား တင်ပို့နေသည်။အိန္ဒိယကနေ ယခင်နှစ်က မြန်မာနိုင်ငံကမတ်ပဲနှင့် ပဲစင်းငုံများကို၂၀၁၇ခုနှစ်တွင် တန်ချိန်၂၅ဝဝဝ ဝယ်ယူရန် ကမ်းလှမ်းထားကြောင်း သိရသည်။

Myanmar ex­ported about 1 million tons of beans and pulses, earn­ing over $1 billion in the first nine months of this fiscal year, official media reported last week.
The new figures show exports are up by about 150,000 tons compared with the same period last year.
Myanmar's beans and pulses are mainly export­ed to India, with China, Indonesia, some Euro­pean countries and Japan making up the remaining 20 percent of the foreign buyers.
India has proposed in previous years to increase its demand for Myan­mar's mung beans and pi­geon peas by 25,000 tons per year starting in 2017.
The total export value of Myanmar’s agricultur­al products reached just over $2 billion this fiscal year as of January 6th.
Agriculture is a key area attracting interest from potential foreign inves­tors. The sector struggles to match the quality and output of the country’s regional neighbours be­cause of decades of un­derinvestment, but min­isters hope that will be perceived as an opportu­nity as the sector begins to modernize.
Source>MyanmarBusinessToday

Tuesday, January 17, 2017

           လာမည့်၂၀၁၇ခုနှစ်၌ Belt & Road လမ်းကြောင်းတစ်လျှောက် နိုင်ငံများ၏ ၄၀% နှင့် Free Trade Agreement (FTA)ရေးထိုးနိုင်ရန် မျှော်မှန်းထားကြောင်း တရုတ်နိုင်ငံ ကုန်သွယ်မှုနှင့် စီးပွားရေးဌာနမှ ပြောကြားပါသည်။ ၂၀၁၆ခုနှဏ်ကုန်တွင် Belt & Road နိုင်ငံ ၂၅နိုင်ငံနှင့် FTAရေးထိုးခဲ့ပြီး ၂၀၁၇ခုနှစ်အတွင်း သီရိလင်္ကာ၊ မော်လဒိုက်၊ ပါကစ္စတန်နိုင်ငံတို့နှင့် လက်မှတ်ရေးထိုးမည်ဖြစ်သည်။ ထို့ပြင် နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ မောရေးရှပ်နိုင်ငံ အပါအဝင် ကနေဒါ၊ ပါပူဝါနယူးဂီနီ၊ ဖီဂျီ၊ နယူးဇီလန်၊ ဂျော်ဂျီယာ၊ နော်နော်ဝေး၊ အစ္စရေး၊ ဂျပန်၊ ကိုရီးယားပင်လယ်ကွေ့နိုင်ငံများနှင့် FTAအတွက် Feasibility Study ဆောင်ရွက်နေပါသည်။
           ယခုလက်ရှိသြစတြေးလျ၊ အိန္ဒိယနှင့် အာဆီယံနိုင်ငံများ အပါအ၀င်နိုင်ငံပေါင်း ၁၆ နိုင်ငံနှင့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုစာချုပ်နှင့် ဒေသတွင်းလွတ်လပ်သော ကုန်သွယ်မှုသဘောတူ စာချုပ်ချုပ်ဆိုရန်အတွက် ညှိနှိုင်းဆွေးနွေးလျက်ရှိသည်။ ယခုအခါတွင် ကမ္ဘာ့ကုန်သွယ်ရေး အသိုက်အ၀န်းတွင် တရုတ်သည် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၉၈ ဘီလီယံ တန်ဖိုးရှိ Trade Remedy Investigation Cases ၁၁၇ ခုနှင့် ရင်ဆိုင်နေကြောင်း သိရှိရပါသည်။ ၂၀၁၆ ခုနှစ်အတွင်း တရုတ်ကုမ္ပဏီများသည် နိုင်ငံပေါင်း ၆၁ နိုင်ငံနှင့် ပို့ဆောင်ဆက်သွယ်ရေး၊ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် အမေရိကန်ဒေါ်လာ ၈ ဒသမ ၃၉ ဘီလီယံ တန်ဖိုးရှိ စာချုပ်များကို လက်မှတ်ရေး ထိုးခဲ့ပြီး ယခင် ၂၀၁၅ ခုနှစ်ထက် ၃၀ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။
သန္ဒာခိုင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ပေကျင်းမြို့။

ရန်ကုန်မြို့ မြို့တွင်းဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်နေရာ

        မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည်  ဇန်န၀ါရီလ ၆ ရက်က ကျင်းပခဲ့သည့် အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၇)အရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပေါင်း ၂၁ ခုကို  ခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ၈၂၆ ဒသမ ၁၁၅ သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်ပေါင်း ၁၄၈၁၅ ခုကိုဖန်တီးပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏  သတင်းထုတ်ပြန်ချက် များအရ သိရသည်။
        အဆိုပါခွင့်ပြုခဲ့သည့်   လုပ်ငန်း ၂၁ ခုတွင် စက်မှုလုပ်ငန်း ၁၄ ခု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်း  တစ်ခု၊ မွေးမြူရေးနှင့် ရေလုပ်ငန်း နှစ်ခု၊ အခြား၀န်ဆောင်မှုကဏ္ဍ   လုပ်ငန်း နှစ်ခု၊ အိမ်ရာ အဆောက်အအုံ တည်ဆောက် ဖွံ့ဖြိုးမှုလုပ်ငန်း တစ်ခု၊ ဟိုတယ်နှင့်  ခရီးသွားလုပ်ငန်းတစ်ခု တို့ဖြစ်ကြောင်း သိရသည်။
        ၀င်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှု ၂၁ ခု အနက် လာရောက်ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံများ မှာ  အီတလီ နိုင်ငံမှ ငါးခု၊ တရုတ်နိုင်ငံမှ လေးခု၊ အိန္ဒိယနိုင်ငံမှ  သုံးခု၊  သြစတြေးလျ၊ ပြင်သစ်၊ ကနေဒါ၊ ဂျပန်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊  အိုင်ယာလန်၊ ဟောင်ကောင်နှင့် တရုတ် (တိုင်ပေ)တို့ဖြစ် ကြသည်။ အဆိုပါအစည်းအဝေးမှ  မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေအရ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း သုံးခုကို ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု   ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၁၉ ဒသမ ၉၄၀ သန်းအပါအ၀င် ကျပ်သန်း ၄၆၂၄၃၄ ဒသမ ၅၆၀ ရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်ပေါင်း ၃၃၉ ခုကို ဖန်တီးပေးနိုင်ခဲ့သည်။
         အဆိုပါခွင့်ပြုလုပ်ငန်းသုံးခုမှာ အိမ်ရာအဆောက်အအုံ တည်ဆောက် ဖွံ့ဖြိုးမှုကဏ္ဍ လုပ်ငန်း တစ်ခု၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ လုပ်ငန်းတစ်ခုနှင့် အခြား၀န်ဆောင်မှု လုပ်ငန်းတစ်ခုတို့ကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
မယ်သီတာ
The Commerce Journal Vol.17, No.3
January 16, 2017

Monday, December 19, 2016

ယခုဘဏ္ဍာနှစ် ရှစ်လ အတွင်း ရေထွက်ကုန် ပြည်ပတင် ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၃၆၀ ကျော် ရရှိထားပြီး ယခင်နှစ် ကာလတူထက် အမေရိကန်ဒေါ် လာ ရ၆ သန်းကျော် ပိုမိုရရှိထား ကြောင်း သတင်းရရှိသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရေထွက်ကုန် ပြည်ပတင်ပို့မှုမှ ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂ ရက်အ ထိ ၀င်ငွေသည် အမေရိကန်ဒေါ် လာ ၃၆၁ ဒသမ ၆၃၂ သန်း ရရှိ ထားပြီး ယခင်ဘဏ္ဍာနှစ် ကာလ တူ၌ အမေရိကန်ဒေါ်လာ ၂၈၅ ဒသမ ၆၆၀ သန်း ရရှိခဲ့သည်။

 ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် တွင် ကန်ဒေါ်လာ ၆၅၂ ဒသမ ၈၄ သန်းဖြင့် အများဆုံးရရှိပြီးနောက် ၀င်ငွေရရှိမှုသည် နှစ်စဉ် တဖြည်းဖြည်း ကျဆင်းပြီး ဒီချုပ်အစိုးရ သစ် လက်ထက်၌ ၀င်ငွေတိုးတက်ရရှိခြင်းဖြစ်သည်။
ယခင်က တင်ပို့သော ရေထွက်ကုန်စျေးနှုန်းအမှန်ကို ကုမ္ပ ဏီများက ဖော်ပြမှုအားနည်း သော်လည်း ယခုအခါ ကုန်ပမာ ဏနှင့် စျေးနှုန်းအမှန်ကို ဖော်ပြ သဖြင့် ၀င်ငွေတိုးတက်လာခြင်း ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဝင်း မြင့်ကပြောသည်။
‘‘ကျွန်တော်တို့က နယ်စပ်က ပို့တာရော၊ ပုံမှန်ကုန်သွယ် ရေးက ပို့တာရော နှစ်မျိုးစလုံးကို လုပ်ငန်းရှင်တွေက ပေးတဲ့စာရင်းနဲ့ ဌာနဆိုင်ရာက ကောက် ထားတဲ့ စာရင်းအရ သိရတာ။ FIQC (ငါးအရည်အသွေး စစ်ဆေးရေးဌာန)က ပို့တာမဟုတ်ဘူး။ ပုဂ္ဂလိကက ပို့တာပါ။ တရားဝင်စာရင်းနဲ့ တရားဝင်စျေး နှုန်း ဖော်ပြရင် လျာထားချက် မပြည့်မီစရာ အကြောင်းမရှိဘူး’’ဟု ဦးထွန်းဝင်းမြင့်က ပြောကြား သည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် တွင် ရေထွက်ကုန် ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၀၂ ဒသမ ၆၃ သန်းရရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနမှသိရှိရသည်။

Source>>>7day Daily

Thursday, November 10, 2016


ယခုနှစ်နှစ်စမှ အောက်တိုဘာလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၆၄ ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၉ ခုတို့ကိုခွင့်ပြုပေး ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ သတင်း ထုတ်ပြန် ချက် များ အရ သိရသည်။အဆိုပါရင်းနှီးမြှုပ်နှံမှုများ၏ ပမာဏစုစုပေါင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွင် အမေရိကန်ဒေါ်လာသန်းပေါင်း ၂၀၄၃ ဒသမ ၂၈၉ဖြစ်ပြီး မြန်မာနိုင်ငံ သားရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၅ ဒသမ ၈၉၅ နှင့် ကျပ်သန်းပေါင်း ၂၈၂၇၂၄ ဒသမ ၂၇၉ ဖြစ်ကြောင်း သိရသည်။အောက်တိုဘာ ၂၈ ရက်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်၏အစည်းအဝေးအမှတ်စဉ် (၂၀/၂၀၁၆) မှ  နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှု လုပ်ငန်းပေါင်း ၁၂ ခုကို ခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာသန်းပေါင်း ၁၃၈၀ ဒသမ ၄၅၄ နှင့် အလုပ်အကိုင်ပေါင်း ရ၇၅၃ ခုကို ဖန်တီးပေးနိုင်ခဲ့သည်။
အဆိုပါခွင့်ပြုလုပ်ငန်း ၁၂ ခုတွင် စက်မှုလုပ်ငန်း ခုနစ်ခု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်း နှစ်ခု၊ မွေးမြူရေး^ရေလုပ်ငန်းတစ်ခု၊ အခြားဝန် ဆောင်မှုလုပ်ငန်းတစ်ခုနှင့် လျှပ်စစ်ဓာတ်အားလုပ်ငန်းတစ်ခုတို့ကို ခွင့်ပြုပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထို့ပြင်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ခုနစ်ခုခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း ၅၆ ဒသမ ၀၀၉ နှင့် ကျပ်သန်း ၁၀၇၆၉၇ ဒသမ၁၄၀ နှင့်အလုပ်အကိုင်ပေါင်း ၁၆၅၉ ခုကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။ယင်းခွင့်ပြုလုပ်ငန်းခုနစ်ခုတွင် စက်မှုလုပ်ငန်းသုံးခု၊ ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်း   တစ်ခုနှင့်  အခြားဝန်ဆောင်မှုလုပ်ငန်း  သုံးခုတို့ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။                              

မယ်သီတာ

တရုတ်နိုင်ငံ၌ လက်ရှိကြုံတွေ့ နေရသည့် အကြီးစားစက်မှုလုပ်ငန်း များ အထူးသဖြင့် သံမဏိနှင့်ကျောက် မီးသွေးစက်ရုံများ၏ ထုတ်လုပ်နိုင်စွမ်း ပိုလျှံနေမှုကို လာမည့်နို၀င်ဘာလကုန် ၌ သတ်မှတ်တန်ချိန် အတိုင်း လျှော့ ချ နိုင်မည်ဟု  မျှော်လင့်ကြောင်းနှင့်  ယင်း ရည်မှန်းချက်ပြည့်မီရန်အတွက် ကြီးကြပ်စစ်ဆေးမှုလုပ်ငန်းများအား ယခု ထက်ပို၍ အားစိုက်ဆောင်ရွက်ကြရန် အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (National Development and Reform Commission (NDRC) က တိုက် တွန်းပြောကြားလိုက်ပါသည်။
ပုဂ္ဂလိကစက်ရုံများတွင် ထိုကဏ္ဍနှစ်ခုလုံး၏ ယခုနှစ်ကုန်တွင် လျှော့ချ ရမည့် ရည်မှန်းချက်၏ ၈၀ ရာခိုင်နှုန်းကို စက်တင်ဘာလကုန်က ရောက်ရှိခဲ့ ကြောင်း၊ အချို့သော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၌ ထုတ်လုပ်မှု လျှော့ချ ရမည့် နှစ်ကုန်ရည်မှန်းချက် မှာပြည့်မီခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားပါသည်။ ယခုနှစ်ကုန်တွင် ကျောက်မီးသွေး မက်ထရစ်တန် ၂၈၀ နှင့် သံမဏိ ၄၅ မက် ထရစ်တန် ထုတ်လုပ်မှုလျှော့ချမည်ဟု သိရှိရပါသည်။
ယခုအောက်တိုဘာလဆန်းပိုင်း ၌ နိုင်ငံတော်ကောင်စီမှ စုံစမ်းစစ်ဆေး ရေးအဖွဲ့များ ဖွဲ့စည်းစေလွှတ်၍ ရည် မှန်းချက်အောင်မြင်အောင် ဆောင်ရွက် နေကြောင်း သို့သော်ဝယ်လိုအားထက် ထုတ်လုပ်မှုပိုလျှံနေခြင်းကို သိသိသာ သာလျှော့ချနိုင်ရန် လိုအပ်နေသေး ကြောင်း သိရှိရပါသည်။
၂၀၂၀ ခုနှစ်၌ ကမ္ဘာ့ကျောက်မီး သွေးဝယ်လိုအား တန်ချိန် ၄ ဒသမ ၁ ဘီလီယံရှိမည်ဟု ခန့်မှန်းထားပြီး ထုတ်လုပ်မှုလျှော့ချနေသော်လည်း တန်ချိန် ၄ ဒသမ ၆ ဘီလီယံအထိရှိနိုင်ကြောင်း ဖော်ပြထားပါသည်။ လတ်တလော ၌ ကျောက်မီးသွေးနှင့် သံမဏိစျေးနှုန်းများ ကျဆင်းနေခြင်းသည်လည်း အခက်အခဲတစ်ခုဖြစ်နေပြီး အစိုးရအနေဖြင့် ယခုကဲ့သို့ကာလတို ရည်မှန်း ချက်ထားရှိကာ ဆောင်ရွက်နေခြင်းထက် စျေးကွက်အခြေခံဆုံးဖြတ်စေသည့် နည်းလမ်း(Market-based Approach) ကိုလည်း စဉ်းစားသင့်ကြောင်းNational Resource Defense Councilကသုံးသပ်ပြောကြားထားပါသည်။
သန္တာခိုင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ပေကျင်းမြို့

Monday, August 8, 2016

 
၂၀၁၆ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့မှ (၃၀)ရက်နေ့အထိ တရုတ်(တိုင်ပေ)၊ ကောင်းရှုံမြို့တွင် "Kaohsiung Int'l Food Show" ကို အောက်ပါ အစီအစဉ်များအတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ ​ပြ​ပွဲ​တွင် ​လတ်​ဆတ်​သော ဟင်းသီးဟင်းရွက်များ၊ အ​သီး​အ​နှံ​များ၊ ​လယ်​ယာ​ထွက်​ကုန် ​ပ​စ္စည်း​များ၊ ​အ​သား​ငါး၊ ​နို့​နှင့် ​နို့​ထွက်​ပ​စ္စည်း​များ၊ ​ပြု​ပြင်​ထား​သော​အ​စား​အ​သောက်​နှင့် ​အေး​ခဲ​အ​စား​အ​စာ​များ၊ ​လက်​ဖက်​ရည်၊ ​ကော်​ဖီ၊ ​ဝိုင်​နှင့် ​အ​ဖျော်​ယ​မ​ကာ​များ​ စ​သည်တို့​ ပါ​ဝင်​ပြ​သ​မည်​ဖြစ်​ပါ​သည်။

2016 Kaohsiung Int'l Food Show
General Information
Exhibition Title
2016 KAOHSIUNG FOOD SHOW
Organizer
Bureau of Foreign Trade, MOEA
Implementers
Taiwan External Trade Development Council (TAITRA)
Co-organizer
Marine Bureau of Kaohsiung City Government
Show Date
Oct.27-30, 2016
Show Hour
Oct.27-29:  10 am - 6 pm
Oct.30:       10 am - 5 pm
Access for :
(1) overseas visitors
(2) local professionals holding admission passes
*Children under 12 years of age are not admitted before 13:00 on Oct. 27th
*Open to general public with paid admission starting 13:00 on Oct. 27th
  
                  
Venue
Kaohsiung Exhibition Center
(No.39, Chenggong 2nd Rd., Qianzhen Dist., Kaohsiung City 806, Taiwan)
Exhibit Category
Fresh Fruits and Agricultural Product
Meat and Dairy Products
Fish Products
Condiments
Frozen and Prepared Products
Dehydrated Food Stuffs
Coffee, Tea, Wine & Spirits, and Beverages
Confections and Cookies
Health Foods/Leisure Foods
Food and Beverage Chains
National Pavilions
Exhibition Scale (Projected)
260 exhibitors / 500 booths
Visitor Number
(Projected)
Overseas: 430
Domestic: 23,500
Total: 23,930
                   
Events Highlights
● Opening Ceremony
● One-on-One Procurement Meetings
● Culinary Challenge Grand
● Master Chef Cooking Show
● Yummy Lucky Draw
*Events are subject to change without prior notice. Please check website for updated information.

သို့ပါ၍ စိတ်​ပါ​ဝင်​စား​သူ ​စီး​ပွား​ရေး​လုပ်​ငန်း​ရှင်​များ၊ ​တက်​ရောက်​လို​သည့် ​ကု​မ္ပဏီ​၊ ​လုပ်​ငန်း​ရှင်​များ​အ​နေ​ဖြင့် ​မြန်မာကုန်သွယ်ရေးရုံး(တိုင်ပေ)၊ ဖုန်း- +၈၈၆ ၂ ၂၇၈၉ ၂၁၀၀ လိုင်းကွဲ ၁၀၂၊ ၁၀၃၊ ဖက်စ်- +၈၈၆ ၂ ၂၇၈၉ ၁၆၇၀ Email: mto.taipei.tw@gmail.com သို့ ဆက်သွယ်၍သော်လည်းကောင်း၊ မြန်​မာ​ကုန်​သွယ်​မှု​ဗ​ဟို​ဌာ​န၊ ​မြန်​မာ​ကုန်​သွယ်​မှု ​မြှင့်​တင်​ရေး​အ​ဖွဲ့၊ ​စီး​ပွား​ရေး​နှင့်​ကူး​သန်း​ရောင်း​ဝယ်​ရေးဝန်​ကြီး​ဌာ​န၊ ​အ​မှတ်- ၂၂၈-၂၄၀၊ ​ရွှေ​ဘုံ​သာ​လမ်း​နှင့် ​ကမ်း​နား​လမ်း​ထောင့်၊ ​ရန်​ကုန်​မြို့၊ ​ဖုန်း- ၀၁ ၂၅၄၀၂၄၊ ဖက်စ်- ၀၁ ၂၅၄၀၂၃၊ Email: itpic.moc@gmail.com ​သို့ လည်းကောင်း ​ဆက်​သွယ်​နိုင်​ပါ​ကြောင်း ​သ​တင်း​ကောင်း​ပါး​အပ်​ပါ​သည်။

Friday, July 1, 2016


ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ခွင့်ပြုရာ၌ ပြည်တွင်းလုပ်သားအင်အားကို အများအပြား အသုံးပြုရသည့် လုပ်ငန်းနှင့် အခြေခံအဆောက်အအုံ၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာစေရန် အဓိကကျသည့် မူ ၂ ခုကို MICက ဦးစားပေး မြှုပ်နှံခွင့်ပြုရန် ဆွေးနွေးနေကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) အတွင်းရေးမှူး ဦးအောင်နိုင်ဦးက “နိုင်ငံသားတွေအတွက် လုပ်သား အင်အား အများအပြား အသုံးပြုတဲ့ လုပ်ငန်းတွေကို ဦးစားပေးမယ်။ နောက်တခုက တိုင်းပြည် အခြေခံ အဆောက်အအုံနဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာဖို့ အဲ့ဒီကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်သွားမယ်ပေါ့။ ဒီ ၂ ခုကို မူပိုင်းဆိုင်ရာအနေနဲ့ စဉ်းစားခဲ့တယ်” ဟု ပြောသည်။

MIC ၏ ပထမဆုံး အစည်းအဝေးကို ဇွန်လ ၂၇ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး၊ ထိုအစည်းအဝေးအပြီး ခွင့်ပြုပေးလိုက်သည့် လုပ်ငန်း ၈ ခု ပါ၀င်ပြီး ထိုင်ဝမ်၊ ဟောင်ကောင်၊ တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ကြကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃ သန်းကျော် ရှိကြောင်း ဦးအောင်နိုင်ဦးက ဆက်ပြောသည်။

MIC က လုပ်ပိုင်ခွင့် ချပေးလိုက်သည့် လုပ်ငန်း ၈ ခုမှာ လျှပ်စစ်ဝါယာကြိုးအမျိုးမျိုး ထုတ်လုပ်သည့် Myanmar Fei Long Electric Wire Factory Limited ၊ ဖိနပ်အစိတ်အပိုင်းများ ထုတ်လုပ်သည့် Myanmar Infocamp ကုမ္ပဏီ၊ အိတ်အမျိုးမျိုးချုပ်လုပ်သည့် OYC Asia CMP ၊ သစ်ပါးလွှာနှင့် အထပ်သားအရွယ်စုံ ထုတ်လုပ်သည့်  စီအိုတူး ဆိုလူးရှင်း ကုမ္ပဏီ၊ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်မည့် Sein Myint Mo Tour and Travel ကုမ္ပဏီ၊ Htun Myant Aung ကုမ္ပဏီ၊ နိုင်ငံခြားသတင်းစာ ထုတ်ဝေမည့် Eleven Nation Media Company နှင့် Loscam Myanmar Limited ကုမ္ပဏီတို့ ဖြစ်ကြောင်း သိရသည်။

NLD အစိုးရသစ်တက်ပြီး ၂ လအကျော် ဇွန်လ ရ ရက်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) အသစ်ကို ပြန်လည် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အသစ်ပြန်လည် ဖွဲ့စည်းလိုက်သည့် MIC တွင် ဥက္ကဋ္ဌအဖြစ် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦကျော်ဝင်း၊ ဒုက္ကဋ္ဌအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဒေါက်တာ သန်းမြင့်နှင့် အတွင်းရေးမှူးအဖြစ် ဦးအောင်နိုင်ဦးတို့ ဖြစ်သည်။
MIC ၏ ပထမဆုံး အစည်းအဝေးတွင် ပြည်ပ ရင်းနှီးမြှုပ်နှံသူများက ခွင့်ပြုမိန့်တင်ထားသော လုပ်ငန်းများကို ချပေးရန်ထက် မူဝါဒပိုင်းဆိုင်ရာများကို အဓိကဆွေးနွေးနေရသဖြင့် လုပ်ငန်းအနည်းငယ်ကိုသာ ခွင့်ပြုမိန့် ချပေးနိုင်ကြောင်း ဦးအောင်နိုင်ဦးက ဆိုသည်။

“မူပိုင်းဆိုင်ရာ ကိစ္စလေးတွေ အဓိကထားပြီးတော့ ဆွေးနွေးတယ်။ နောက် MIC အနေနဲ့ ရှေ့လျှောက် ဆောင်ရွက်မယ့် ပေါ်လစီကို ချမှတ်တယ်။ ဒါကြောင့်မို့ Proposal တင်ထားတဲ့ဟာကို ဦးစားမပေးဘဲနဲ့ ရှေ့လျှောက်လုပ်မယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ MIC သည် NLD အစိုးရသစ် လက်ထက်တွင် သီးခြားအဖွဲ့အစည်း တခုအဖြစ် ရပ်တည်မည် မဟုတ်ဘဲ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင်သာ ရှိနေမည်ဖြစ်ကြောင်း သိရသည်။ MIC အား ပြန်လည်ဖွဲ့စည်းစဉ် အချိန်ကြန့်ကြာနေသဖြင့် ရင်းနှီးမြှုပ်နှံခွင့်ပြုမိန့်ကျရန် စောင့်နေကြသည့် ပြည်ပလုပ်ငန်း ရာကျော်ရှိနေကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေများကို ပေါင်းစည်းထားသည့် ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ထွက်ပေါ်လာခြင်း မရှိသေးပဲ လွှတ်တော်တွင်း အတည်ပြုမှုရရှိရန် စောင့်ဆိုင်းနေဆဲကြောင်း သိရသည်။

Source: Irrawady
            လက်ရှိဘဏ္ဍာနှစ် (၂၀၁၆-၂၀၁၇  ဘဏ္ဍာနှစ်)တွင် ရတနာ၊ ရဲတံခွန်၊ ဇောတိက၊ ရွှေကမ်းလွန် စီမံကိန်းများမှ ပြည်ပတင်ပို့ရန် သဘာဝဓာတ်ငွေ့ ကုဗပေ ( ၅၁၅၀၁၅ )သန်း ထုတ်လုပ်နိုင်မည်ဟု  ခန့်မှန်းထားကြောင်း အမျိုးသားဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ဘဏ္ဍာနှစ် )တွင် ဖော်ပြထားချက်အရ သိရသည်။ လက်ရှိ ဘဏ္ဍာနှစ်တွင် ရတနာ၊ ရဲတံခွန်၊ ဇောတိက၊ ရွှေကမ်းလွန်စီမံကိန်းများမှ ပြည်တွင်းသုံးအတွက် သဘာဝဓာတ်ငွေ့ ကုဗပေ( ၁၆၀၆၀၀ )သန်းနှင့် ပြည်ပအတွက် သဘာဝဓာတ်ငွေ့ ကုဗပေ( ၅၁၅၀၁၅ )သန်း  ထုတ်လုပ်ရန် ခန့်မှန်းထားကြောင်း သိရသည်။   အဆိုပါဘဏ္ဍာနှစ်တွင် ရတနာစီမံကိန်းမှ ပြည်ပ အတွက် သဘာဝဓာတ်ငွေ့ ကုဗပေ( ၂၀၆၂၂၅ )သန်း၊ ရဲတံခွန်မှ ကုဗပေ( ရ၃၃၆၅ )သန်း၊  ဇောတိကစီမံကိန်းမှ သဘာဝဓာတ်ငွေ့ ကုဗပေ( ၈၉၄၂၅ )သန်း၊  ရွှေကမ်းလွန်စီမံကိန်းမှ သဘာဝ ဓာတ်ငွေ့ ကုဗပေ( ၁၄၆၀၀၀ )သန်း ထုတ်လုပ်ရန် ခန့်မှန်းထားကြောင်း သိရသည်။
          မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံစိမ်းနှင့်  သဘာဝဓာတ်ငွေ့များ ထုတ်လုပ်မှု ခန့်မှန်းချက်အရ ( ၂၀၁၆-၂၀၁၇ ) ဘဏ္ဍာနှစ်တွင် ကုန်းတွင်းလုပ်ကွက်များမှ သဘာဝဓာတ်ငွေ့ ကုဗပေ( ၁၄၂၀၉  ဒသမ ၉၁၈ )သန်း၊ ကမ်းလွန်လုပ်ကွက်များမှ  ကုဗပေ( ၆၇၅၆၁၅ )သန်း စုစုပေါင်း သဘာဝဓာတ်ငွေ့ ကုဗပေ( ၆၈၉၈၂၄ ဒသမ ၉၁၈ )သန်း ထုတ်လုပ်ရန် ခန်မှန်းထားကြောင်း သိရသည်။ ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်)ကာလအတွင်း နိုင်ငံတော်၏  စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရေးအတွက် စွမ်းအင်လို အပ်ချက်ကို ဖြည့်ဆည်းရန် ခေတ်စနစ်နှင့် လျော်ညီမည့်  ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအား ပြင်ဆင်ခြင်း၊ ပြုစုရေးဆွဲခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်းစွမ်းအင် သုံးစွဲမှုလိုအပ်ချက်ကို  အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေးအတွက် နိုင်ငံခြားရေနံ ကုမ္ပဏီများအား ဖိတ်ခေါ်၍  မြန်မာတိုင်းရင်းသားပိုင် ကုမ္ပဏီများနှင့် ပူးပေါင်းစေပြီး ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက် များတွင် ရေနံမြေအသစ်များ ရှာဖွေထုတ်လုပ်နိုင်ရေး အတွက်လည်း  ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသားဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်းတွင် ဖော်ပြထားသည်။  
           ထို့ပြင်  အနာဂတ်ကာလတွင် ကမ်းလွန်ရေနံလုပ်ငန်းကို  နိုင်ငံတော်မှ  Operator   အနေဖြင့်  တာဝန်ယူ ဆောင်ရွက်သွားနိုင်ရန်  လိုအပ်သည်များကို  လေ့လာသုံးသပ်၍  စီမံဆောင်ရွက်သွားရန်  အစီအစဉ်ရှိ  ကြောင်းသိရသည်။   စွမ်းအင်ဆိုင်ရာအခြေခံ အဆောက်အအုံများကို ထိန်းသိိမ်းပြုပြင် ချဲ့ထွင်ဖြည့်ဆည်းနိုင်ရန်အတွက် နည်းပညာနှင့်  အရင်းအနှီးများ  ကြီးမားစွာ လိုအပ်သောကြောင့်  ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများ၏  ပါ၀င်ရင်းနှီးမြှုပ်နှံမှုဖြင့်  အကျိုးတူ ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း အမျိုးသားဖြိုးတိုးတက်မှု  ဒုတိယကာလတို ငါးနှစ်စီမံကိန်းတွင် ဖော်ပြထားသည်။

Source: MYANTRADE Daily New(22-6-2016)

Friday, June 24, 2016


            ကမ္ဘောဇကုမ္ပဏီများအုပ်စုမှ ကမ္ဘောဇဘဏ်လိမိတက်သည် ပြီးခဲ့သည့် ရက်သတ္တပတ်တွင်       စင်္ကာပူနိုင်ငံ၌ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ရန် လိုင်စင်ရရှိပြီးနောက် အာဆီယံဒေသတွင်း ဘဏ်လုပ်ငန်းစီးပွားရေးကို ချဲ့ထွင်ရန်အစီအစဉ်များ ရှိနေကြာင်းထုတ်ဖော်သည်။ မေလတွင် ထိုင်းနိုင်ငံ၌ ပထမဆုံးကိုယ်စားလှယ် ရုံးခွဲဖွင့်လှစ်ပြီးနောက် ယခုစင်္ကာပူနိုင်ငံမှာ ကမ္ဘောဇဘဏ်၏ ဒုတိယအကြိမ်လုပ်ငန်းချဲ့ထွင်ခြင်းဖြစ်သည်။ ဇွန်လ၁၆ရက်နေ့က ကမ္ဘောဇမှ သတင်းထုတ်ပြန် ချက်တွင် ကမ္ဘောဇဘဏ်၏ ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဦးဇော်လင်းအောင်က စင်္ကာပူနိုင်ငံ ကိုယ်စားလှယ်ရုံးခွဲတွင် ကိုယ်စားလှယ်အရာရှိချုပ်အဖြစ် ဦးဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့ သည်။ ထို့နောက် ကမ္ဘောဇဘဏ်၏ ယခုခြေလှမ်းသည် အာဆီယံနှင့် နိုင်ငံတကာတွင် မြန်မာစီးပွား ရေးလုပ်ငန်းများ တက်လှမ်းနိုင်မှုကို အထင်အရှားဖော်ပြနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက် ကဆိုသည်။ “စင်္ကာပူနိုင်ငံက ရင်းနှီးမြှပ်နှံမှုပမာဏဟာ ယခုအခါ တရုတ်နိုင်ငံထက် များပြားလာ ပြီဖြစ်ပါတယ်။ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုတွေဟာလည်း စင်္ကာပူနိုင်ငံမှတဆင့် ဝင်ရောက်လာခြင်း ကြောင်းလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဘဏ္ဏာရေးကဏ္ဍမှာ ဦးဆောင်ဘဏ်ကြီးဖြစ်တဲ့ ကမ္ဘောဇအနေနဲ့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းကြီးများရဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှပ်နှံမှု များကို ထိထိရောက်ရောက် ကူညီပေးနိုင်တော့မှာ ဖြစ်ပါတယ်”ဟု ဦးဇော်လင်းအောင်က သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
          ကိုယ်စားလှယ်ရုံးခွဲအေနဖြင့် ကမ္ဘောဇဘဏ်က စျေးကွက်သုတေသနပြုလုပ်ခြင်း၊ စင်္ကာပူ နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေးဆိုင်ရာ စည်းမျဉ်းများအပါအဝင် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများအတွက် လိုအပ်သည့် သတင်းအချက်အလက်များ မျှဝေပေးခြင်းတို့ကို ဆောင်ရွက် သွားမည်ဖြစ်သည်။ စင်္ကာပူနိုင်ငံတွင်နေထိုင်သော မြန်မာနိုင်ငံသား ဆော့ဖ်ဝဲအင်ဂျင်နီယာ တစ်ယောက်ဖြစ်သူ မေအေးအေးမော်က ကမ္ဘောဇဘဏ်က မြန်မာနိုင်ငံသားများအတွက် ငွေလွှဲ ဝန်ဆောင်မှုရှိမရှိ သိချင်နေသည်။
“ဒီမှာက တရားမဝင်နည်းလမ်းတွေကို သုံးပြီးတော့ပဲ ကျမတို့မိသားစုတွေဆီကို ငွေလွှဲရတယ်။ ဒီငွေလွှဲတာတွေက အလိမ်ခံရနိုင်တယ်ဆိုတာ  ကျမတို့အမြဲတမ်းခံစားရတယ်။ တကယ်လို့ ကမ္ဘောဇဘဏ်ကသာ ငွေလွှဲတဲ့စနစ်ကို ဝန်ဆောင်မှုပေးနိုင်ရင် ကျမတို့လည်း ဒီမှာငွေစုနိုင်ပြီး မိသားစုတွေလည်း အလွယ်တကူ ငွေထုတ်နိုင်တယ်။ ကျမတို့လို နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ သူတွေအတွက် အဆင်ပြေပါစေလိမ့်မယ်”ဟု မအေးအေးမော်ကပြောသည်။
          လက်ရှိတွင် ကမ္ဘောဇဘဏ်က ငွေလွှဲသည့်စနစ် ဝန်ဆောင်မှုအတွက်ခွင့်ပြုချက် လိုင်စင် လျောက်ထားရန် ဆောက်ရွက်လျက်ရှိသည်။ “ကျနော်တို့ ဒီနှစ်ထဲမှာပဲ အကောင်အထည် ဖော်နိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဦးဇော်လင်းအောင်ကပြောသည်။
          ကမ္ဘောဇဘဏ်အနေဖြင့် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ရန်အတွက် ၂၀၁၅ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ပြီး စင်္ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့(Monetary Authority of Singapore) နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ စင်္ကာပူငွေကြေးအာဏာပိုင်အဖွဲ့ထံသို့ ကမ္ဘောဇဘဏ်မှ ပွင့်လင်းမြင်သာမှု၊ စွမ်းဆောင်ရည်နှင့် ကျွမ်းကျင်ပိုင်နိုင်မှုကို ထင်သာမြင်သာဖော်ပြနိုင်ခဲ့၍ ယခုကဲ့သို့ ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
          စင်္ကာပူနှင့် မြန်မာနိုင်ငံအကြား စီးပွားရေးအရ ဆက်ဆံရေးပိုမိုနီးကပ်လာချိန်တွင် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဏာရေးကဏ္ဍသည်လည်း နှစ်နိုင်ငံအကြားအရေးပါသော အခန်းကဏ္ဍ တခုတွင်ရှိနေလိမ့်မည်ဟု ကမ္ဘောဇကမျှော်လင့်ခဲ့သည်။ စင်္ကာပူနိင်ငံသည် မြန်မာနိုင်ငံ၌ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုစာရင်းတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှု (FDI)ပမာဏ အမေရီကန်ဒေါ်လာ ၄ဒသမ၃ဘီလီယံဖြင့် ထိပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်မှ အချက်အလက်အရ သိရသည်။ ယင်းပမာဏမှာ FDIစုစုပေါင်း အေမရီကန်ဒေါ်လာ ၈ ဒသမ ၁ ဘီလီယံ၏ ထက်ဝက်ကျော်သည်။ အဓိကရင်းနှီးမြှပ်နှံမှုလုပ်ငန်းများဖြစ်သည်။
          ယခုလအစောပိုင်းတွင် ၂၀၁၆ ဒီဇင်ဘာ ၁ရက်မှ စတင်ပြီး မြန်မာနိုင်ငံနှင့် စင်္ကာပူနိုင်ငံ အကြား ဗီဇာကင်းလွတ်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယခုဖြစ်ပေါ်တိုးတက်မှု များသည် စင်္ကာပူနိုင်ငံ၏ ရင်းနှီးမြှပ်နှံမှုများ တိုးတက်လာစေရန်နှင့် နှစ်နိုင်ငံအကြား စီးပွားရေး ဆိုင်ရာ ကိစ္စရပ်များ ပိုမိုလွယ်ကူလာစေနိုင်မည်ဖြစ်သည်။
          သီလဝါအထူးစီးပွားရေးဇုန်ကဲ့သို့သော နိုင်ငံပေါင်း ၁၄နိုင်ငံက ပါဝင်သည့် စီမံကိန်းကြီးတွင် စင်္ကာပူနိုင်ငံ၏ ရင်းနှီးမြှပ်နှံမှုမှာ အမေရီကန်ဒေါ်လာ ၂၉၈.၁၅သန်း အထိရှိနေသည်။ မြန်မာနိုင်ငံ တွင် အကြီးဆုံးပုဂ္ဂလိကဘဏ် လုပ်ငန်းတစ်ခုဖြစ်သော ကမ္ဘောဇဘဏ်ကို ၁၉၉၄ခုနှစ်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ တည်ထောင်ခဲ့သည်။ ၎င်း၏ မိခင်ကုမ္ပဏီဖြစ်သော ကမ္ဘောဇ ကုမ္ပဏီများအုပ်စုသည် လေကြောင်းလိုင်း လုပ်ငန်းကိုလည်း လုပ်ဆောင်နေပြီး ၎င်းတို့ကိုယ်ပိုင် ပြည်တွင်းလေကြောင်းလိုင်း Air KBZပြေးဆွဲနေသော အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI)တွင်လည်း အစုရှယ်ယာအများစုပိုင်ဆိုင်ထားသည်။
 
Source:Ayeyarwady News

Post Archive

MMK Exchange Rates

Currency Convertor

Tourist Visa Form

https://drive.google.com/open?id=0B3f14tZWkVe_RTdTMDBVWGNJLW8

Business Visa Form

https://drive.google.com/open?id=0B3f14tZWkVe_ZXAxamNuZl9mcE0

Trade-Fair Register

http://mtotpe.blogspot.tw/p/trade-fair-registration.html

CAEXPO Exhibitor Form

https://drive.google.com/open?id=0B3f14tZWkVe_cjU1S05UdlhwZ2s

CAEXPO Visitor Form

https://drive.google.com/open?id=0B3f14tZWkVe_T1k4RnNmZVJfemc

Change Language

Recommendent Post

Myanmar Investment Environment (CN)

國家概況 ( 緬甸-MYANMAR)              2015年11月全國民主聯盟於國會選舉中大勝,2016年3月底翁山蘇姬的親密戰友廷覺宣誓就任緬甸新總統,此時的緬甸民主之路可以說又邁進了一大步!但也隨著新政府的上臺、美國放寬經濟制裁、市場開放及外資湧入等...

Most View