ယခုဘဏ္ဍာနှစ် ရှစ်လ အတွင်း ရေထွက်ကုန် ပြည်ပတင် ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၃၆၀ ကျော် ရရှိထားပြီး ယခင်နှစ် ကာလတူထက် အမေရိကန်ဒေါ် လာ ရ၆ သန်းကျော် ပိုမိုရရှိထား ကြောင်း သတင်းရရှိသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရေထွက်ကုန် ပြည်ပတင်ပို့မှုမှ ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂ ရက်အ ထိ ၀င်ငွေသည် အမေရိကန်ဒေါ် လာ ၃၆၁ ဒသမ ၆၃၂ သန်း ရရှိ ထားပြီး ယခင်ဘဏ္ဍာနှစ် ကာလ တူ၌ အမေရိကန်ဒေါ်လာ ၂၈၅ ဒသမ ၆၆၀ သန်း ရရှိခဲ့သည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် တွင် ကန်ဒေါ်လာ ၆၅၂ ဒသမ ၈၄ သန်းဖြင့် အများဆုံးရရှိပြီးနောက် ၀င်ငွေရရှိမှုသည် နှစ်စဉ် တဖြည်းဖြည်း ကျဆင်းပြီး ဒီချုပ်အစိုးရ သစ် လက်ထက်၌ ၀င်ငွေတိုးတက်ရရှိခြင်းဖြစ်သည်။
ယခင်က တင်ပို့သော ရေထွက်ကုန်စျေးနှုန်းအမှန်ကို ကုမ္ပ ဏီများက ဖော်ပြမှုအားနည်း သော်လည်း ယခုအခါ ကုန်ပမာ ဏနှင့် စျေးနှုန်းအမှန်ကို ဖော်ပြ သဖြင့် ၀င်ငွေတိုးတက်လာခြင်း ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဝင်း မြင့်ကပြောသည်။
‘‘ကျွန်တော်တို့က နယ်စပ်က ပို့တာရော၊ ပုံမှန်ကုန်သွယ် ရေးက ပို့တာရော နှစ်မျိုးစလုံးကို လုပ်ငန်းရှင်တွေက ပေးတဲ့စာရင်းနဲ့ ဌာနဆိုင်ရာက ကောက် ထားတဲ့ စာရင်းအရ သိရတာ။ FIQC (ငါးအရည်အသွေး စစ်ဆေးရေးဌာန)က ပို့တာမဟုတ်ဘူး။ ပုဂ္ဂလိကက ပို့တာပါ။ တရားဝင်စာရင်းနဲ့ တရားဝင်စျေး နှုန်း ဖော်ပြရင် လျာထားချက် မပြည့်မီစရာ အကြောင်းမရှိဘူး’’ဟု ဦးထွန်းဝင်းမြင့်က ပြောကြား သည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် တွင် ရေထွက်ကုန် ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၀၂ ဒသမ ၆၃ သန်းရရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနမှသိရှိရသည်။
Source>>>7day Daily
Monday, December 19, 2016
-
10:41:00 AM
-
Myanmar Trade Office (Taipei)
-
Import/Export , Myanmar Version , News , Trade
Related Posts:
အကောက်ခွန်မဲ့ အာဆီယံဒေသမှာအကျိုးရှိအောင် ဘယ်လိုကုန်သွယ်မလဲအာဖတာ အာဖတာ ASEAN Free Trade Area (AFTA) ဆိုတဲ့စကားက အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသလို့ တိုက်ရိုက် အဓိပ္ပာယ်ထွက်ပေမယ့် အာဆီယံ-၁၀ နိုင်ငံအသိုင်းအဝန်းလေးတစ်ခုနဲ့သာသက်ဆိုင်တာ မဟုတ်ဘဲ အာဆီယံရော၊ အာရှရော၊ ဥရောပရေ… Read More
ဟိုချီမင်းမြို့တော် ကုန်စည်ပြပွဲ ၂၀၁၆ (HO CHI MINH CITY EXPO 2016) ကျင်းပ ဖွင့်ပွဲအခမ်းအနားတွင် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေး နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ညွ… Read More
တရုတ်နိုင်ငံနှင့် ငွေတန်ဖိုးကျခြင်း၊ချခြင်းအမောက်ထောင်နဂါး … Read More
တီထွင်ဆန်းသစ်မှုပြုခြင်းဖြင့် ကမ္ဘာ့စီးပွားရေး ဖွံ့ ဖြိုးမှုနှုန်း နှေးကွေးကျဆင်းမှုကို တိုက်ဖျက်ဖို့ အိုင်အမ်အက်ဖ်တိုက်တွန်း ကမ္ဘာ့စီးပွားရေးမှာ နှေးကွေးကျ ဆင်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် တီထွင်ဆန်းသစ်မှုတွေကိုအားပေးတဲ့သုတေသနနဲ့ ဖွံ့ဖြိုးရေး (R&D) လုပ် ငန်းတွေထွန်းကားစေမ… Read More
နိုင်ငံတကာက စိတ်ဝင်စားလာကြတဲ့ ရင်းနှီးမြှပ်နှံမှုများထဲက နောက်ထပ်အာရှကျားတစ်ကောင် (သို့) မြန်မာ နိုင်ငံတစ်နိုင်ငံမှာ တော၊ တောင်၊ ရေမြေ သဘာဝတရားက ပေးထားတဲ့ သယံဇာတအမွေဆိုတာ ရှိတာမျိုးပါ၊ ဘယ်နိုင်ငံ၊ ဘယ် ဒေသ၊ ဘယ်အရပ်မှာမဆို တစ်ခုမဟုတ်တစ်ခုတော့ ဖြစ်တည်ထွက်ရှိ တာမျိုးပါ။ ဥပမာ- ကိုယ့်မိခ… Read More