လက်ရှိဘဏ္ဍာနှစ် (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်)တွင် ရတနာ၊ ရဲတံခွန်၊ ဇောတိက၊ ရွှေကမ်းလွန် စီမံကိန်းများမှ ပြည်ပတင်ပို့ရန် သဘာဝဓာတ်ငွေ့ ကုဗပေ ( ၅၁၅၀၁၅ )သန်း ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း အမျိုးသားဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ဘဏ္ဍာနှစ် )တွင် ဖော်ပြထားချက်အရ သိရသည်။ လက်ရှိ ဘဏ္ဍာနှစ်တွင် ရတနာ၊ ရဲတံခွန်၊ ဇောတိက၊ ရွှေကမ်းလွန်စီမံကိန်းများမှ ပြည်တွင်းသုံးအတွက် သဘာဝဓာတ်ငွေ့ ကုဗပေ( ၁၆၀၆၀၀ )သန်းနှင့် ပြည်ပအတွက် သဘာဝဓာတ်ငွေ့ ကုဗပေ( ၅၁၅၀၁၅ )သန်း ထုတ်လုပ်ရန် ခန့်မှန်းထားကြောင်း သိရသည်။ အဆိုပါဘဏ္ဍာနှစ်တွင် ရတနာစီမံကိန်းမှ ပြည်ပ အတွက် သဘာဝဓာတ်ငွေ့ ကုဗပေ( ၂၀၆၂၂၅ )သန်း၊ ရဲတံခွန်မှ ကုဗပေ( ရ၃၃၆၅ )သန်း၊ ဇောတိကစီမံကိန်းမှ သဘာဝဓာတ်ငွေ့ ကုဗပေ( ၈၉၄၂၅ )သန်း၊ ရွှေကမ်းလွန်စီမံကိန်းမှ သဘာဝ ဓာတ်ငွေ့ ကုဗပေ( ၁၄၆၀၀၀ )သန်း ထုတ်လုပ်ရန် ခန့်မှန်းထားကြောင်း သိရသည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့များ ထုတ်လုပ်မှု ခန့်မှန်းချက်အရ ( ၂၀၁၆-၂၀၁၇ ) ဘဏ္ဍာနှစ်တွင် ကုန်းတွင်းလုပ်ကွက်များမှ သဘာဝဓာတ်ငွေ့ ကုဗပေ( ၁၄၂၀၉ ဒသမ ၉၁၈ )သန်း၊ ကမ်းလွန်လုပ်ကွက်များမှ ကုဗပေ( ၆၇၅၆၁၅ )သန်း စုစုပေါင်း သဘာဝဓာတ်ငွေ့ ကုဗပေ( ၆၈၉၈၂၄ ဒသမ ၉၁၈ )သန်း ထုတ်လုပ်ရန် ခန်မှန်းထားကြောင်း သိရသည်။ ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်)ကာလအတွင်း နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရေးအတွက် စွမ်းအင်လို အပ်ချက်ကို ဖြည့်ဆည်းရန် ခေတ်စနစ်နှင့် လျော်ညီမည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအား ပြင်ဆင်ခြင်း၊ ပြုစုရေးဆွဲခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်းစွမ်းအင် သုံးစွဲမှုလိုအပ်ချက်ကို အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေးအတွက် နိုင်ငံခြားရေနံ ကုမ္ပဏီများအား ဖိတ်ခေါ်၍ မြန်မာတိုင်းရင်းသားပိုင် ကုမ္ပဏီများနှင့် ပူးပေါင်းစေပြီး ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက် များတွင် ရေနံမြေအသစ်များ ရှာဖွေထုတ်လုပ်နိုင်ရေး အတွက်လည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသားဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်းတွင် ဖော်ပြထားသည်။
ထို့ပြင် အနာဂတ်ကာလတွင် ကမ်းလွန်ရေနံလုပ်ငန်းကို နိုင်ငံတော်မှ Operator အနေဖြင့် တာဝန်ယူ ဆောင်ရွက်သွားနိုင်ရန် လိုအပ်သည်များကို လေ့လာသုံးသပ်၍ စီမံဆောင်ရွက်သွားရန် အစီအစဉ်ရှိ ကြောင်းသိရသည်။ စွမ်းအင်ဆိုင်ရာအခြေခံ အဆောက်အအုံများကို ထိန်းသိိမ်းပြုပြင် ချဲ့ထွင်ဖြည့်ဆည်းနိုင်ရန်အတွက် နည်းပညာနှင့် အရင်းအနှီးများ ကြီးမားစွာ လိုအပ်သောကြောင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများ၏ ပါ၀င်ရင်းနှီးမြှုပ်နှံမှုဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း အမျိုးသားဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်းတွင် ဖော်ပြထားသည်။
Source: MYANTRADE Daily New(22-6-2016)
Friday, July 1, 2016
-
11:39:00 AM
-
Myanmar Trade Office (Taipei)
-
Myanmar Version , News
Related Posts:
လုပ်ငန်းရှင်များ proposal တင်ရန် နယ်ပယ်(၁၀)ခု ၀န်ကြီးဖိတ်ခေါ် စီးပွားရေးကဏ္ဍများတွင် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် Proposal များ တင်နိုင်ကြောင်း ပုဂ္ဂလိကလုပ်ငန်းရှင်များကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦ… Read More
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ပကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံရရှိ ဒီမိုကရေစီ အစိုးရသစ်လက်ထက်တွင် စီးပွားရေး ဖွံဖြိုးတိုး တက်ရေးအတွက် စီးပွားရေး မူ၀ါဒ ၁၂ ရပ် ချမှတ် ဆောင်ရွက် လျက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရေ… Read More
တရုတ်နိုင်ငံမှ ယှဉ်ပြိုင်မှုမြင့်တက်လာခြင်းကြောင့် ၂၀၁၇ခုနှစ်တွင် အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံတို့၏ ပြည်ပသို့ဆန်တင်ပို့မှုကျဆင်းနိုင် VNA/VNS Photo Dinh Hue ကမ္ဘာတွင် ဆန်အများဆုံး တင်ပို့ရောင်းချသည့် နိုင်ငံများတွင် အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံတို့သည် လက်ရှိတွင် ပြည်ပမှ ဆန်၀ယ်လိုအား ကျဆင်းလာခြင်းနှင်… Read More
နိုင်ငံတကာရော်ဘာဈေးနှုန်း ကျဆင်းသော်လည်း ပြည်တွင်းရော်ဘာဈေးနှုန်းငြိမ်သက် ဖေဖော်၀ါရီ ၂၅ ရက်မှ မတ်လ ၃ ရက်အထိ သီတင်းပတ်အတွင်း မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၂၄ သန်းဖိုးရှိ ရော်ဘာတန် ၂၀၁၃တန်ခန့် တင်ပို့ခဲ့တဲ့အနက် RSS 1 ၁၁၆တန်… Read More
ထိုင်းနိုင်ငံရှိSaha စီးပွားရေးလုပ်ငန်းစုကြီးက မြန်မာနိုင်ငံတွင် ပိုမိုရင်းနှီးမြှုပ်နှံမည် ShHa Group ထိုင်းနိုင်ငံတွင် စားသောက်ကုန် နှင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုတွင် အကြီးဆုံးစီးပွားရေးလုပ်ငန်းစုကြီး ဖြစ် သောSaha သည် အိမ်နီးချင်းနိုင်ငံများ၌ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့မည်ဖြစ်ရာ အဓိကအား… Read More