Friday, July 1, 2016


ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ခွင့်ပြုရာ၌ ပြည်တွင်းလုပ်သားအင်အားကို အများအပြား အသုံးပြုရသည့် လုပ်ငန်းနှင့် အခြေခံအဆောက်အအုံ၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာစေရန် အဓိကကျသည့် မူ ၂ ခုကို MICက ဦးစားပေး မြှုပ်နှံခွင့်ပြုရန် ဆွေးနွေးနေကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) အတွင်းရေးမှူး ဦးအောင်နိုင်ဦးက “နိုင်ငံသားတွေအတွက် လုပ်သား အင်အား အများအပြား အသုံးပြုတဲ့ လုပ်ငန်းတွေကို ဦးစားပေးမယ်။ နောက်တခုက တိုင်းပြည် အခြေခံ အဆောက်အအုံနဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာဖို့ အဲ့ဒီကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်သွားမယ်ပေါ့။ ဒီ ၂ ခုကို မူပိုင်းဆိုင်ရာအနေနဲ့ စဉ်းစားခဲ့တယ်” ဟု ပြောသည်။

MIC ၏ ပထမဆုံး အစည်းအဝေးကို ဇွန်လ ၂၇ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး၊ ထိုအစည်းအဝေးအပြီး ခွင့်ပြုပေးလိုက်သည့် လုပ်ငန်း ၈ ခု ပါ၀င်ပြီး ထိုင်ဝမ်၊ ဟောင်ကောင်၊ တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ကြကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃ သန်းကျော် ရှိကြောင်း ဦးအောင်နိုင်ဦးက ဆက်ပြောသည်။

MIC က လုပ်ပိုင်ခွင့် ချပေးလိုက်သည့် လုပ်ငန်း ၈ ခုမှာ လျှပ်စစ်ဝါယာကြိုးအမျိုးမျိုး ထုတ်လုပ်သည့် Myanmar Fei Long Electric Wire Factory Limited ၊ ဖိနပ်အစိတ်အပိုင်းများ ထုတ်လုပ်သည့် Myanmar Infocamp ကုမ္ပဏီ၊ အိတ်အမျိုးမျိုးချုပ်လုပ်သည့် OYC Asia CMP ၊ သစ်ပါးလွှာနှင့် အထပ်သားအရွယ်စုံ ထုတ်လုပ်သည့်  စီအိုတူး ဆိုလူးရှင်း ကုမ္ပဏီ၊ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်မည့် Sein Myint Mo Tour and Travel ကုမ္ပဏီ၊ Htun Myant Aung ကုမ္ပဏီ၊ နိုင်ငံခြားသတင်းစာ ထုတ်ဝေမည့် Eleven Nation Media Company နှင့် Loscam Myanmar Limited ကုမ္ပဏီတို့ ဖြစ်ကြောင်း သိရသည်။

NLD အစိုးရသစ်တက်ပြီး ၂ လအကျော် ဇွန်လ ရ ရက်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) အသစ်ကို ပြန်လည် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အသစ်ပြန်လည် ဖွဲ့စည်းလိုက်သည့် MIC တွင် ဥက္ကဋ္ဌအဖြစ် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦကျော်ဝင်း၊ ဒုက္ကဋ္ဌအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဒေါက်တာ သန်းမြင့်နှင့် အတွင်းရေးမှူးအဖြစ် ဦးအောင်နိုင်ဦးတို့ ဖြစ်သည်။
MIC ၏ ပထမဆုံး အစည်းအဝေးတွင် ပြည်ပ ရင်းနှီးမြှုပ်နှံသူများက ခွင့်ပြုမိန့်တင်ထားသော လုပ်ငန်းများကို ချပေးရန်ထက် မူဝါဒပိုင်းဆိုင်ရာများကို အဓိကဆွေးနွေးနေရသဖြင့် လုပ်ငန်းအနည်းငယ်ကိုသာ ခွင့်ပြုမိန့် ချပေးနိုင်ကြောင်း ဦးအောင်နိုင်ဦးက ဆိုသည်။

“မူပိုင်းဆိုင်ရာ ကိစ္စလေးတွေ အဓိကထားပြီးတော့ ဆွေးနွေးတယ်။ နောက် MIC အနေနဲ့ ရှေ့လျှောက် ဆောင်ရွက်မယ့် ပေါ်လစီကို ချမှတ်တယ်။ ဒါကြောင့်မို့ Proposal တင်ထားတဲ့ဟာကို ဦးစားမပေးဘဲနဲ့ ရှေ့လျှောက်လုပ်မယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ MIC သည် NLD အစိုးရသစ် လက်ထက်တွင် သီးခြားအဖွဲ့အစည်း တခုအဖြစ် ရပ်တည်မည် မဟုတ်ဘဲ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင်သာ ရှိနေမည်ဖြစ်ကြောင်း သိရသည်။ MIC အား ပြန်လည်ဖွဲ့စည်းစဉ် အချိန်ကြန့်ကြာနေသဖြင့် ရင်းနှီးမြှုပ်နှံခွင့်ပြုမိန့်ကျရန် စောင့်နေကြသည့် ပြည်ပလုပ်ငန်း ရာကျော်ရှိနေကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေများကို ပေါင်းစည်းထားသည့် ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ထွက်ပေါ်လာခြင်း မရှိသေးပဲ လွှတ်တော်တွင်း အတည်ပြုမှုရရှိရန် စောင့်ဆိုင်းနေဆဲကြောင်း သိရသည်။

Source: Irrawady

Related Posts:

  • 2016 Kaohsiung Int'l Food Showကျင်းပမည်   ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့မှ (၃၀)ရက်နေ့အထိ တရုတ်(တိုင်ပေ)၊ ကောင်းရှုံမြို့တွင် "Kaohsiung Int'l Food Show" ကို အောက်ပါ အစီအစဉ်များအတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ ​ပြ​ပွဲ​တွင် ​လတ်​ဆတ်​သော ဟင်းသီးဟင်… Read More
  • MIC to Blacklist Companies for Breaking Law The Myanmar Investment Commission (MIC) has warned approved investment businesses that they could get blacklisted if they breach rules and regulations while they are starting up their businesses. MIC said its Supervisory… Read More
  • ပြည်ပရင်းနှီးမြှုပ်နှံမှု ခွင့်ပြုရာတွင် ဦးစားပေး မူ ၂ ခု ထားမည် ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ခွင့်ပြုရာ၌ ပြည်တွင်းလုပ်သားအင်အားကို အများအပြား အသုံးပြုရသည့် လုပ်ငန်းနှင့် အခြေခံအဆောက်အအုံ၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာစေရန် အဓိကကျသည့် မူ ၂ ခုကို MICက ဦးစားပေး မြှုပ်နှံခွင့… Read More
  • New Companies Act: To Reduce Some Burdens For SMEs & Develop Corporate GovernanceNew Myanmar companies act will ease some burdens for SMEs enterprises, develop corporate governance as well as promote the growth of capital market, according to DICA. The  current  Myanmar  Companies  a… Read More
  • Ministry adds new items to re-export listThe Ministry of Commerce has approved 14 new commodities to be added to the re-export list in a bid to boost export figures as it plans to triple export amount during the current government’s tenure. Previously, only three… Read More

Post Archive

MMK Exchange Rates

Currency Convertor

Tourist Visa Form

https://drive.google.com/open?id=0B3f14tZWkVe_RTdTMDBVWGNJLW8

Business Visa Form

https://drive.google.com/open?id=0B3f14tZWkVe_ZXAxamNuZl9mcE0

Trade-Fair Register

http://mtotpe.blogspot.tw/p/trade-fair-registration.html

CAEXPO Exhibitor Form

https://drive.google.com/open?id=0B3f14tZWkVe_cjU1S05UdlhwZ2s

CAEXPO Visitor Form

https://drive.google.com/open?id=0B3f14tZWkVe_T1k4RnNmZVJfemc

Change Language

Recommendent Post

Myanmar Investment Environment (CN)

國家概況 ( 緬甸-MYANMAR)              2015年11月全國民主聯盟於國會選舉中大勝,2016年3月底翁山蘇姬的親密戰友廷覺宣誓就任緬甸新總統,此時的緬甸民主之路可以說又邁進了一大步!但也隨著新政府的上臺、美國放寬經濟制裁、市場開放及外資湧入等...

Most View