![]() |
| VNA/VNS Photo Dinh Hue |
အနောက်အာဖရိကနိုင်ငံများသို့ ဆန်တင်ပို့ရောင်းချရာတွင် ယှဉ်ပြိုင်မှု မြင့်မားလာခြင်းနှင့်
ဆန်ရောင်းချရမှု ကျဆင်း လာခြင်းကြောင့် အိန္ဒိယနိုင်ငံ၏ ယခုနှစ်အတွက် ပြည်ပသို့ ဆန်တင်ပို့မှု
ပမာဏသည် တန်ချိန် (၁၀) သန်းသာရှိနိုင်မည် ဖြစ်ကြောင်း၊ အဆိုပါပမာဏသည် ၂၀၁၇အတွက်
ထိုင်းနိုင်ငံမှ မျှော်မှန်းထားသည့် ပြည်ပသို့ဆန်တင်ပို့မှုပမာဏနှင့် တူညီ လာနိုင်ကြောင်း
အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။
အရှေ့အာရှနှင့်
အနောက်အာဖရိကနိုင်ငံများတွင် မြင့်တက်လာသည့် ဆန်ရောင်းချရမှုကို ရည်ညွှန်းကာ ယခုနှစ်အတွင်း
တရုတ်နိုင်ငံ၏ ပြည်ပသို့ ဆန်တင်ပို့မှုပမာဏကို ယခင်ခန့်မှန်းထားသည့် ဆန်တန်ချိန် (၂၂၅၀၀၀) မှ ဆန်တန်ချိန် (၅၀၀၀၀၀)အထိ ရှိလာမည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။
ထို့အပြင်
အဆိုပါအစီရင်ခံစာတွင် ဗီယက်နမ်နိုင်ငံ၏ ယခုနှစ်အတွင်း ဆန်ပြည်ပ တင်ပို့နိုင်မှုမှာလည်း အရှေ့တောင် အာရှနှင့် အာဖရိကနိုင်ငံများသို့
ဆန်ရောင်းချမှု လျော့နည်းလာသဖြင့် ယခင်ခန့်မှန်းထားသည့် ပမာဏမှ (၃.၆)ရာခိုင်နှုန်း လျှော့ချပြီး ဆန်တန်ချိန် (၅.၆)သန်းသာ တင်ပို့နိုင်မည်ဟု အဆိုပါ အစီရင်ခံစာတွင် ခန့်မှန်းထားသည်။
၂၀၁၆ ခုနှစ်က
အိန္ဒိယနိုင်ငံသည် ကမ္ဘာတွင် ဆန်အများဆုံး တင်ပို့ရောင်းချသည့် နိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံသည်
ကမ္ဘာတွင် ဒုတိယမြောက် ဆန်အများဆုံး တင်ပို့ရောင်းချသည့် နိုင်ငံဖြစ်ခဲ့သည်။ (USDA)၏ ၂၀၁၇ခုနှစ်၊ မတ်လ အစီရင်ခံစာအရမူ အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည်
၂၀၁၇ ခုနှစ်တွင် ဆန်အများဆုံး တင်ပို့ရောင်းချသည့် နိုင်ငံအဖြစ် ရပ်တည်ကာ ဗီယက်နမ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့က ၎င်းတို့နောက်တွင် ရပ်တည်နေမည်ဖြစ်သည်။
ယခုလအတွင်း
ထုတ်ပြန်ခဲ့သည့် ဗီယက်နမ်အကောက် ခွန်ဌာန၏ စာရင်းများအရ ဗီယက်နမ်နိုင်ငံသည် ၂၀၁၇ ခုနှစ်၊ ပထမ(၂)လအတွင်း ပြည်ပသို့ အမေရိကန်ဒေါ်လာ
(၃၁၄) သန်းတန်ဖိုးရှိ ဆန်တန်ချိန်
(၇၃၈၀၀၀) တန်တင်ပို့ ရောင်းချခဲ့ပြီး အဆိုပါပမာဏသည် ယခင်နှစ် ကာလတူထက် တန်ချိန် (၂၃.၅) ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် (၂၄.၇)ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း သိရှိရသည်။
စန္ဒာထွန်း(TTI)
Source>>>Commerce Journal,Vol 17, No.12
စန္ဒာထွန်း(TTI)
Source>>>Commerce Journal,Vol 17, No.12
Myanmar Trade Office (Taipei)




