Monday, May 8, 2017
-
11:05:00 AM
-
Myanmar Trade Office (Taipei)
-
Investment
,
Myanmar Version
,
News
ထိုင်းနိုင်ငံတွင် အားကစားပစ္စည်းအမျိုးမျိုးရောင်းချသည့် CRC Sports ကုမ္ပဏီ သည် ၂၀၂၀ ခုနှစ်တွင် အာဆီယံဒေသတွင်း၌ အားကစားပစ္စည်းအမျိုးမျိုးရောင်းချသည့် အကြီးဆုံးကုမ္ပဏီဖြစ် လာ ရန်နှင့် ကမ္ဘာ့ ထိပ်တန်းကုမ္ပဏီ ၅၀ စာရင်းတွင် ၀င်ရောက်နိုင် သည်အထိ မျှော်မှန်းဆောင်ရွက်လျက်ရှိပါသည်။CRC Sports ကုမ္ပဏီသည် ထိုင်းနိုင်ငံအပြင် ဗီယက်နမ်နိုင်ငံ တွင်လည်း အရောင်းဆိုင်များ ဖွင့်လှစ်ထားရှိပြီးဖြစ်ပါသည်။
ရင်းနှီး မြှုပ်နှံမှုတိုးချဲ့ခြင်းကို ၂၀၂၀ခုနှစ်အတွင်းဆောင်ရွက်ရာ၌ စီးပွားရေး အခွင့်အလမ်းကောင်းများရှိသည့် ကမ္ဘောဒီးယားနိုင်ငံနှင့်မြန်မာ နိုင်ငံတို့တွင်လည်း ရင်းနှီးမြှုပ်နှံမည် ဖြစ်ပါသည်။CRC Sports သည် ထိုင်းနိုင်ငံတွင် အားကစားပစ္စည်းများရောင်းချသည့် အကြီးဆုံး ကုမ္ပဏီတစ်ခုဖြစ်ပြီး အာဆီယံဒေသတွင် အင်ဒိုနီးရှားနိုင်ငံ ရှိMitra Adiperkasa ပြီးနောက် ဒုတိယအကြီးဆုံးကုမ္ပဏီနှင့် ကမ္ဘာ့အဆင့် ၅၉ ရှိပါသည်။CRCသည် ရှေ့လာမည့်လေးနှစ် အတွင်း ပြည်တွင်း၌ လုပ်ငန်း တိုးချဲ့ရန်အတွက် ဘတ်သန်း ၄၀၀ ကို ရင်းနှီး မြှုပ်နှံရန်နှင့် ယခုနှစ် အတွင်း ပြည်တွင်းရှိ အရောင်းဆိုင်ခွဲများကို ပြန်လည်ပြင်ဆင်ရန်နှင့် အရောင်းဆိုင်အသစ် ၂၉ ဆိုင်ကို ဖွင့်လှစ်ရန်အတွက် ဘတ်သန်း၄၀၀ ကို သုံးစွဲရန် လျာထားပါသည်။
ထို့အပြင် ယခုနှစ်အတွင်းOnline ရောင်းချမှုကိုလည်း တိုးချဲ့လုပ်ကိုင်မည်ဖြစ်ပါသည်။ယခုနှစ်ကုန်တွင် ပြည်တွင်း၌ အရောင်းဆိုင်ခွဲပေါင်း ၁၇၈ဆိုင် ဖွင့်လှစ်ရန်နှင့် ၂၀၂၀ ခုနှစ်တွင် အရောင်းဆိုင်ခွဲပေါင်း ၂၅၀ ဆိုင်အထိ ဖွင့်လှစ်နိုင် ရန် မျှော်မှန်းထားပါသည်။ ဗီယက်နမ် အားကစားပစ္စည်း ဈေးကွက်၏ တိုးတက်မည့်အလားအလာကောင်းများကြောင့် ရင်းနှီး မြှုပ်နှံမှုများကို ဆက်လက်တိုးချဲ့မည်ဖြစ်ရာ ဗီယက်နမ်နိုင်ငံတွင် ယခုနှစ်ကုန်၌အရောင်းဆိုင်ခွဲပေါင်း ၄၃ ဆိုင်ထိတိုးချဲ့ဖွင့်လှစ်ရန်နှင့် ၂၀၂၀ ခုနှစ်တွင် ဆိုင်ခွဲပေါင်း ၁၀၀ ထိ ရောက်ရှိရန် မျှော်မှန်းထားပါ သည်။
ကုမ္ပဏီ၏အရောင်းတန်ဖိုးသည် ၂၀၁၆ ခုနှစ်တွင် ဘတ် ၈ ဒသမ ၇၆ ဘီလီယံရှိခဲ့ရာ ၂၀၁၅ ခုနှစ်ထက် ၁၀ ရာခိုင်နှုန်းတိုးတက်မှု ရရှိခဲ့ပါသည်။ ဆိုင်များ၌ အများဆုံးရောင်းချရသည့် အားကစား ပစ္စည်းသုံးမျိုးမှာ ရှူးဖိနပ် အမျိုး မျိုး၊ အ၀တ်အထည်အမျိုးမျိုးနှင့် ဘောလုံးအမျိုးမျိုးတို့ဖြစ်ကြပါသည်။ ယခုနှစ်တွင် အားကစားပစ္စည်း ဈေးကွက်တိုးတက်မှုသည် ယခင်နှစ်ထက် ပိုမိုကောင်းမွန်ရန် မျှော် မှန်းထားရာ အရောင်းတန်ဖိုးစုစုပေါင်းဘတ် ၉ ဒသမ ၈ ဘီလီယံရရှိ၍ ၂၀၁၆ ခုနှစ်ထက် ၁၂ ရာခိုင်နှုန်း တိုးတက်မှုရရှိရန် နှင့် ၂၀၂၀ ခုနှစ် တွင် အရောင်းတန်ဖိုး စုစုပေါင်းဘတ် ၁၅ ဒသမ ၅ ဘီလီယံထိ ရရှိရန် မျှော်မှန်းထားပါသည်။
Source>>>Commerce Journal အတွဲ(၁၇)၊အမှတ်(၁၆)
Myanmar Trade Office (Taipei)




