Thursday, November 10, 2016
-
10:12:00 AM
-
Myanmar Trade Office (Taipei)
-
Investment , Myanmar Version , News
ယခုနှစ်နှစ်စမှ အောက်တိုဘာလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၆၄ ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၉ ခုတို့ကိုခွင့်ပြုပေး ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ သတင်း ထုတ်ပြန် ချက် များ အရ သိရသည်။အဆိုပါရင်းနှီးမြှုပ်နှံမှုများ၏ ပမာဏစုစုပေါင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွင် အမေရိကန်ဒေါ်လာသန်းပေါင်း ၂၀၄၃ ဒသမ ၂၈၉ဖြစ်ပြီး မြန်မာနိုင်ငံ သားရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၅ ဒသမ ၈၉၅ နှင့် ကျပ်သန်းပေါင်း ၂၈၂၇၂၄ ဒသမ ၂၇၉ ဖြစ်ကြောင်း သိရသည်။အောက်တိုဘာ ၂၈ ရက်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်၏အစည်းအဝေးအမှတ်စဉ် (၂၀/၂၀၁၆) မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှု လုပ်ငန်းပေါင်း ၁၂ ခုကို ခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာသန်းပေါင်း ၁၃၈၀ ဒသမ ၄၅၄ နှင့် အလုပ်အကိုင်ပေါင်း ရ၇၅၃ ခုကို ဖန်တီးပေးနိုင်ခဲ့သည်။
အဆိုပါခွင့်ပြုလုပ်ငန်း ၁၂ ခုတွင် စက်မှုလုပ်ငန်း ခုနစ်ခု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်း နှစ်ခု၊ မွေးမြူရေး^ရေလုပ်ငန်းတစ်ခု၊ အခြားဝန် ဆောင်မှုလုပ်ငန်းတစ်ခုနှင့် လျှပ်စစ်ဓာတ်အားလုပ်ငန်းတစ်ခုတို့ကို ခွင့်ပြုပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထို့ပြင်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ခုနစ်ခုခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း ၅၆ ဒသမ ၀၀၉ နှင့် ကျပ်သန်း ၁၀၇၆၉၇ ဒသမ၁၄၀ နှင့်အလုပ်အကိုင်ပေါင်း ၁၆၅၉ ခုကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။ယင်းခွင့်ပြုလုပ်ငန်းခုနစ်ခုတွင် စက်မှုလုပ်ငန်းသုံးခု၊ ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်း တစ်ခုနှင့် အခြားဝန်ဆောင်မှုလုပ်ငန်း သုံးခုတို့ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
မယ်သီတာ
Related Posts:
အာဆီယံအတွင်း ကမ္ဘောဇဘဏ် လုပ်ငန်းချဲ့ထွင်မည် ကမ္ဘောဇကုမ္ပဏီများအုပ်စုမှ ကမ္ဘောဇဘဏ်လိမိတက်သည် ပြီးခဲ့သည့် ရက်သတ္တပတ်တွင် စင်္ကာပူနိုင်ငံ၌ ကိုယ်စားလှယ်ရုံး ဖွင့… Read More
New Companies Act: To Reduce Some Burdens For SMEs & Develop Corporate GovernanceNew Myanmar companies act will ease some burdens for SMEs enterprises, develop corporate governance as well as promote the growth of capital market, according to DICA. The current Myanmar Companies a… Read More
ပြည်ပရင်းနှီးမြှုပ်နှံမှု ခွင့်ပြုရာတွင် ဦးစားပေး မူ ၂ ခု ထားမည် ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ခွင့်ပြုရာ၌ ပြည်တွင်းလုပ်သားအင်အားကို အများအပြား အသုံးပြုရသည့် လုပ်ငန်းနှင့် အခြေခံအဆောက်အအုံ၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာစေရန် အဓိကကျသည့် မူ ၂ ခုကို MICက ဦးစားပေး မြှုပ်နှံခွင့… Read More
Ministry adds new items to re-export listThe Ministry of Commerce has approved 14 new commodities to be added to the re-export list in a bid to boost export figures as it plans to triple export amount during the current government’s tenure. Previously, only three… Read More
လက်ရှိ ဘဏ္ဍာနှစ်တွင် ရတနာ၊ ရဲတံခွန်၊ ဇောတိက၊ ရွှေကမ်းလွန်စီမံကိန်းများမှ ပြည်ပတင်ပို့ရန် သဘာဝဓာတ်ငွေ့ကုဗပေ ( ၅၁၅၀၁၅ )သန်း ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထား လက်ရှိဘဏ္ဍာနှစ် (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်)တွင် ရတနာ၊ ရဲတံခွန်၊ ဇောတိက၊ ရွှေကမ်းလွန် စီမံကိန်းများမှ ပြည်ပတင်ပို့ရန် သဘာဝဓာတ်ငွေ့ ကုဗပေ ( ၅၁၅၀၁၅ )သန်း ထု… Read More