တရုတ်နိုင်ငံ၊ ယူနမ်ပြည်နယ်၊ သိုင်၊ လီဆူး၊ ဂျိန်ဖောတိုင်းရင်းသားတို့၏ နှစ်သစ်ကူး ရေသဘင်ပွဲနှင့် ဆန်ခေါက်ဆွဲပွဲတော်ကို ဧပြီလ ၁၆ရက်နေ့မှ ၂၄ရက်နေ့အထိ Taoyuan City၊ Taiwan၌ စည်းကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲကို ထိုင်ဝမ်နိုင်ငံ၊ Taoyuan City မြို့တော်ဝန်နှင့်ဇနီး၊ မြန်မာကုန်သွယ်ရေးကိုယ်စားလှယ်ရုံး (တိုင်ပေ)မှ ကုန်သွယ်ရေးကိုယ်စားလှယ် ဒေါက်တာသတ်လွင်ဦးနှင့်တစ်ကွ ထိုင်ဝမ်နိုင်ငံဆိုင်ရာ နိုင်ငံတကာသံအမတ်များ၊ စီးပွားရေးကိုယ်စား လှယ်များ၊ ယဉ်ကျေးမှု ဖလှယ်ရေးကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါတယ်။ ပထမဦးစွာ ကြွရောက်လာသော အထူးဧည့်သည်တော်များအား ပွဲတော်ကျင်းပရေးကော်မတီမှ ရိုးရာအစားအစာများဖြင့်တည်ခင်းဧည့်ခံခြင်း၊ မြို့တော်ဝန်မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ရိုးရာတေးသီးချင်း တူရိယာများဖြင့်တီမှုတ်ဖျော်ဖြေခြင်းများဖြင့် ကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။
ဆက်လက်ပြီး
ညပိုင်း ရိုးရာယဉ်းကျေးမှုအကများဖြင့်ဖျော်ဖြေခဲ့ရာ မြန်မာကုန်သွယ်ရေးကိုယ်စားလှယ်
ဒေါက်တာသတ်လွင်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး ဖျော်ဖြေပွဲကို စတင်ခဲ့ပါတယ်။ ပွဲကို
ည၉နာရီအချိန်မှာ အောင်မြင်စွာ ကျင်းပြီးစီးခဲ့ပါတယ်။