နိုင်ငံတစ်နိုင်ငံမှာ တော၊ တောင်၊ ရေမြေ သဘာဝတရားက ပေးထားတဲ့ သယံဇာတအမွေဆိုတာ ရှိတာမျိုးပါ၊ ဘယ်နိုင်ငံ၊ ဘယ် ဒေသ၊ ဘယ်အရပ်မှာမဆို တစ်ခုမဟုတ်တစ်ခုတော့ ဖြစ်တည်ထွက်ရှိ တာမျိုးပါ။ ဥပမာ- ကိုယ့်မိခင်နိုင်ငံကိုပဲကြည့် ကျောက်စိမ်း၊ ပတ္တမြား၊ ကျွန်းသစ်၊ ပုလဲဆိုတာတွေဟာ ကမ္ဘာ့အလယ်မှာ တင့်တင့်တယ်တယ် ထည်ထည်ဝါဝါ နာမည်တစ်ခုအနေနဲ့ရှိနေတာပါ၊ အမိနိုင်ငံအတွက် ဂုဏ်ယူဝင့်ြွကားစရာ မဟုတ်ပါလား။ သဘာဝတရားကပေးထားတဲ့ သယံဇာတအမွေကို ထုတ်ယူသုံးစွဲကြရာမှာ စနစ်တကျ သပ်သပ်ရပ်ရပ် ထုတ်ယူသုံးစွဲကြသလား ဒါမှမဟုတ် စည်းမဲ့ကမ်းမဲ့ထုတ်ယူသုံးစွဲမှာ လားဆိုတာကတော့ ကွာတာပေါ့ဗျာ။ ဖတ်ဖူးတဲ့စာအမှ တ်ရလို့ တင်ပြ ခွင့်ပြုပါ။ အင်္ဂလိပ်ကိုလိုနီခေတ်က ဘုံဘေဘားမားသစ်ကုမ္ပဏီဟာ မြန်မာပြည်က ကျွန်းတစ်ပင်ခုတ်ရင် ငါးပင်အစားထိုးစိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ကျွန်းတစ်ပင်သက်တမ်း ၈၀ နှစ် သက်တမ်းရှိမလားဆိုတာ စဉ်း စားနေမယ့်အစား ၅ ပင်စိုက်ခဲ့တဲ့အထဲက တစ်ပင်ပဲရှင်ဗျာ၊ ဒါမျိုးဟာ အတုယူရမယ့်စနစ်ကျတာမျိုးပါ၊ ပုလဲလိုဟာမျိုးမှာသဘာဝ ပုလဲကိုပဲ အားထားရှာဖွေမယ့်အစား ကမာကောင်မွေးပြီး ပုလဲထုတ် ရင်ကော မရနိုင်ဘူးလားဆိုတာ ကို စဉ်းစားရမယ့်အချက်တွေပါ။
တစ်ခါတိုင်းပြည်တစ်ပြည်ရဲ့ နည်းပညာ၊ အတတ်ပညာ တိုးတက်မှုဘယ်လောက်ရှိနေလဲ မြေအောက်ရေအောက်မှာ ရေနံရှိနေတယ်၊ သဘာဝဓာတ်ငွေ့ရှိနေတယ်။ ထုတ်ယူသုံးစွဲတတ်တဲ့ အတတ်ပညာ၊ နည်းပညာမရှိရင် ဘာလုပ်မလဲ၊ ကိုယ့်ထက်နည်းပညာသာသော အတတ်ပညာရှိသော ငွေကြေးချမ်းသာသောသူတွေကို ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြဖို့ ဖိတ်ခေါ်ရပါလိမ့်မယ်၊ ဒီလိုဖိတ်ခေါ်ခဲ့ရင်တောင် ရင်းနှီးမြှုပ်နှံသောသူက သူ့အတွက် ကိုက်မှအကျိုး ရှိပါမှ လာရောက်ရင်းနှီးမြှုပ်နှံကြမှာပါ။ ကိုယ့်မိခင်နိုင်ငံရဲ့ပထဝီနိုင်ငံရေး၊ ပထဝီ စီးပွားရေး၊ သယံဇာတပေါြွကယ်ဝမှု လူသားအရင်းအမြစ် အရင်း အနှီး စတာတွေကို တွက်ကြည့်ရင်-- ပထဝီနိုင်ငံရေးအရ မြန်မာနိုင်ငံပတ်ဝန်း ကျင်မှာ မဟာအင်အား ကြီးနိုင်ငံတွေရှိနေတာ ကုန်းကြောင်း၊ ရေကြောင်းရှိနေတာ အရှေ့ တောင်အာရှနဲ့ တောင်အာရှဆက်သွယ်မှုမှာ အရေးပါနေတာ၊ တံတားတစ်စင်းလို ဖြစ်နေတာ ပထဝီစီးပွားရေးအရ သယံဇာတ ထွက်ရှိမှု လူ့စွမ်းအားအရင်းအမြစ်တွေရှိနေတာ ဒါတွေဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် နှစ်ခြိုက်လက်ခံစရာ အခွင့်အလမ်းများစွာနဲ့ အားသာချက်တွေရှိနေတာ မဟုတ်ပါလား၊ ၂၀၁၅ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် နိုင်ငံရေး၊ စီးပွားရေးကဏ္ဍတွေမှာ အပြောင်းအလဲဖြစ်ပေါ်လာနှင့်ပြီ၊ မြန်မာပြည်သူလူထုအနေနဲ့လည်း အထွေ ထွေရွေးကောက်ပွဲနဲ့ အာဆီယံစီးပွားရေးအသိုက်အဝန်း ပေါ်ပေါက်လာဖို့ စိတ်ဝင်စားမှုရှိနေတာကိုလည်း တွေ့နေရပါတယ်။ သိသာထင်ရှားတာကို တင်ပြရရင် နိုင်ငံတော်အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ဂရုတစိုက်တစိုက်မတ်မတ် ဇွဲကောင်းစွာ ဆောင်ရွက်ခဲ့ ခြင်းကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားတိုက် ရိုက်ရင်းနှီးမြှုပ်နှံမှုသည် ေ ရရှည်နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီမံချက်အရ ၂၀၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ လေးဘီလီယံသာ မျှော်မှန်းထားခဲ့ပေမယ့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှာ အမေရိကန် ဒေါ်လာ ၈ ဒသမ ဝ၁ ဘီလီယံရှိခဲ့တာတွေဟာ ဥပမာပြစရာသာဓက တွေပဲ မဟုတ်ပါလား။
စက်တင်ဘာ ၁၅၊ ၁၆ ရက်များက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ် နှံနိုင်မည့် ဈေးကွက်ဆိုင်ရာ အခွင့်အလမ်းများကို နိုင်ငံခြားရင်းနှီးမြှုပ် နှံသူများသိရှိလာစေရန်ရည်ရွယ်ချက်ဖြင့် ကမ္ဘာလုံးဆိုင်ရာ မြန်မာ့ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ေ နပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- ၂ (MICC-2) မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါတယ်။ ဒီပွဲမှာ ဥရောပငွေကြေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအဖွဲ့ အမေရိကန်၊ အင်္ဂလန်၊ ဂျာမနီ၊ ဩစတြေးလျနိုင်ငံ တို့မှ ကုန်သည်ကြီးများအသင်း အပါအဝင် ပြည်တွင်းပြည်ပမှ ထင်ရှားသည့်စီးပွားရေးလုပ်ငန်းရှင် ၁၀ဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာေ အာင်က မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများ၊ နိုင်ငံခြားတိုက်ရိုက်ရင်း နှီးမြှုပ်နှံမှု အခွင့်အလမ်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲ မှုနဲ့အတူ စီးပွားရေးအသွင်ကူးပြောင်းမှုကို ကမ္ဘာ့စီးပွားရေး အခင်းအကျင်းအပေါ်အခြေခံပြီး ကုန်သွယ်မှုတံခါးဖွင့်ခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုကိုအားပေးခြင်း၊ ငွေကြေးကဏ္ဍအားကောင်းအောင် စီမံဆောင်ရွက် လျက်ရှိပါကြောင်း ၊ ဈေးကွက်စီးပွားရေးစနစ် အသွင်ကူးပြောင်းရေး အရှိန်မြှင့်လုပ်ဆောင်နေသောမြန်မာနိုင်ငံတွင် အခွင့်အလမ်းများစွာနဲ့ အားသာချက်များရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဒေသတွင်း အာဆီယံ နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု မြင့်မား လာခြင်းသည် ကုန်သွယ်မှု မြှင့်တင်ရေး၊ နယ်စပ်ဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အလားအလာ နှင့် အခွင့်အလမ်းများ ပိုမိုပွင့်လင်းလာနေပြီဖြစ်ကြောင်း၊ ငွေကြေး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအပေါ် များစွာအကျိုးသက်ရောက်နိုင်သ ည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ အောင်မြင်မှုများစွာရရှိခဲ့ပြီး ငွေကြေးစနစ်ပြုပြင်ပြောင်းလဲရေးမှာလည်း အဓိကကျသည့် ဘဏ်စနစ် အခြေခံခိုင်မာသည့် ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများကို ချမှတ်ဆောင်ရွက် ခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေကို ပြန်လည်ပြင်ဆင်ခဲ့ကြောင်း၊ နိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်လည်း ၂၀၁၂ ခုနှစ် ဧပြီလမှစတင်ပြီး Managed Floating Exchange Rate Regime ကို ကျင့်သုံးပြီး ပုဂ္ဂလိကဘဏ်များတွ င် နိုင်ငံခြားငွေလဲလှယ် နိုင်ရန် ခွင့်ပြုပေးခဲ့ပါကြောင်း။
၁၉၉၀ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ငွေကြေးဆိုင်ရာ ဥပဒေနှင့်လုပ် ထုံးလုပ်နည်းများနှင့် လဲလှယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့များအနေဖြင့်လည်း ငွေကြေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ မဟာဗျူဟာတွင် ပါဝင်သည့် Master Plan ပြင်ဆင်ရေးဆွဲရာတွင် အကူအညီပေးလျက်ရှိပါကြောင်း၊ ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA ကလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကူအညီပေးခဲ့ပါကြောင်း၊ မဟာမဲခေါင်ဒေသတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံ (ယူနန်ပြည်နယ်တို့အား မဟာမဲခေါင်ဒေသ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (GMS) ပူးပေါင်းပါဝင်ဆောင်ရွက်နေကြောင်း ရည်မှန်းချက်မှာ နယ်စပ်ဒေသတစ်လျှောက် စီးပွားဆိုင်ရာ ဆက်သွယ်မှုမြှင့်တင်ရန် ရည်ရွယ်ရန်ဖြစ်ရာ မြန်မာနိုင်ငံ၏ မဟာဗျူ ဟာမြောက် ပထဝီတည်နေရာ အချက်အချာကျမှုဖြင့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် မြို့ပြပို့ ဆောင်ရေးစနစ်နဲ့ လေဆိပ်များ အဆင့်မြှင့်တင်ရေး၊ ရေကောင်း ရေသန့်ရ ရှိရေးနှင့် လျှပ်စစ်ဓာတ်အား ပိုမိုအသုံးပြုနိုင်ရေးကို ဦးစား ပေးဆောင်ရွက်ရန် လိုအပ်လျက်ရှိနေပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုနဲ့ ကိုက်ညီမယ့်အခြေအနေတစ်ရပ်ကို ဖော်ဆောင်ပေးနိုင်သဖြင့် ပြ ည်ပမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်လာခဲ့ရာ အထူးသဖြင့် ဆက်သွယ်ရေး၊ သဘာဝဓာတ်ငွေ့ဆိုင်ရာ အလုပ်ရုံများမှာ အများဆုံးတွေ့မြင်နေရပါကြောင်း၊ နိုင်ငံရေ ရှည်ဖွံဖြိုးတိုးတက်အောင် လျှပ်စစ်ဓာတ်အား ပို့ဆောင်ေ ရး အထူးစီးပွားရေးဇုန် (သီလဝါ၊ ထားဝယ်၊ ကျောက်ဖြူ) နဲ့ နိုင်ငံရဲ့အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခြေခံအဆောက်အအုံများ ရင်း နှီးမြှုပ်နှံမှုပြုလုပ်နိုင်ရန် လိုအပ်ချက်ရှိပါကြောင်း၊ နိုင်ငံမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အပြင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ အရင်းအမြစ်များစွာရှိရာ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍသည် မြန်မာနိုင်ငံသားများတွင်သာမက ရင်းနှီးမြှုပ်နှံမည့် နိုင်ငံနှင့် အဖွဲ့အစည်းများအတွက် အကျိုးအမြတ်များစွာ ဖြစ်ထွန်းလာ သည့် အခြေခံကောင်းများစွာ ပိုင်ဆိုင်လျက်ရှိပါကြောင်း အကျယ့်တဝင့်ဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာအောင် မြတ်ကျော်ကလည်း ခရီးသွားလုပ်ငန်းဟာ ကမ္ဘာပေါ်မှာ အရေးကြီးတဲ့ လုပ်ငန်းတစ်ရပ်လို့ ယူဆလာကြကြောင်း၊ ဟိုတယ်လုပ်ငန်းတစ်ခုတည်းမဟုတ်ဘဲ လမ်း ပန်းဆက်သွယ်ရေး၊ လေကြောင်းလိုင်းနှင့် လေဆိပ်စတဲ့ လုပ်ငန်းတွေပါဝင်ကြောင်း၊ ခရီးသွားတွေရောက်တဲ့နေရာတိုင်းမှာ လျှပ်စစ်မီးရဖို့၊ သောက်ရေသန့်ရဖို့ အရေးကြီးပါ ကြောင်း၊ ပြည်သူတွေရဲ့ အကျိုးဟာ ပထမအရေး ကြီးပြီး ဒုတိယအချက်ကတော့ မြန်မာနိုင်ငံဟာ လာချင်စဖွယ်နေရာဖြစ်ဖို့ အရေး ကြီးကြောင်း၊ ခရီးသွားလုပ်ငန်းကို Master Plan ချမှတ်နေကြောင်း Master Plan အရ မဟာဗျူဟာစီမံကိန်း ခြောက်ခုကို တစ်ပြေးညီ အကောင် အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ ခရီးသွားလုပ်ငန်း လုပ်ဖော်ကိုင်ဖက်တွေက Myanmar Toursim Development Bank အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ဆောင်ရွက်နေကြောင်း၊ ဒီဆွေး နွေးပွဲဖိုရမ်မှာ အားသာချက် အားနည်းချက်တွေကို ဆွေးနွေးခဲ့ ကြောင်း Master Plan က ၂၀၁၃-၂၀၂၀ အထိဖြစ်ကြောင်း၊ ကမ္ဘာ ကြီးရဲ့ Trend ပြောင်းလဲနေသလို ခေတ်အခါနဲ့ အခြေအနေအရ လိုအပ်သလို ပြောင်းလဲလုပ်ဆောင်သွားမည့်အကြောင်း ဂုဏ်ယူဝင့် ြွကားစွာ ပြောဆိုသွားခဲ့တယ်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေးမှူးချုပ် ဦးအောင် နိုင်ဦးကလည်း လက်ရှိအနေအထားက မြန်မာနိုင်ငံမှာ ဥပဒေနှစ်ခု ရှိနေတဲ့အတွက် ခွဲခြားသလိုဖြစ်နေကြောင်း၊ နိုင်ငံခြား သားတွေက မြန်မာနိုင်ငံသားတွေကို ပိုပြီးတော့ အခွင့်အရေးပေးထားတယ်လို့ မြင်တယ်၊ အမှန်တော့ ဥပဒေနှစ်ရပ်စလုံး အားလုံးက အတူတူနီးပါး၊ ဥပဒေ နှစ်မျိုးရှိနေလို့ အထင်တွေ အမျိုးမျိုးရှိနေကြတာပါ။ နိုင်ငံခြားက ထော က်ပြတာက ကုန်သွယ်မှုတို့ ဘာတို့မှာ နိုင်ငံခြားသားကို မပေးတာက မြန်မာနိုင်ငံဘက်အနေနဲ့ ကိုယ်ကျိုးစီးပွားကာကွယ်မှုကို သိပ်ပြီး အလေးထားလွန်းအားကြီးတယ်လို့ ထင်သွားတယ်၊ နိုင်ငံ အနေနဲ့ တံခါးဖွင့်စဆိုတော့ တစ် ဆင့်ပြီးတစ်ဆင့် တိုင်းပြည်နဲ့ ကိုယ့်ရဲ့ ပြည်တွင်း စီးပွားရေး အသိုက်အဝန်းကို ပြည်တွင်းရော ပြည်ပမှာရှိနေတဲ့ အသေးစား၊ အလတ်စားတွေကိုလည်း မထိခိုက်အောင် တစ်ဖက်က တိုင်းပြည်ရဲ့ ဖွံ့ဖြိုးမှုအတွက်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွေကို ဝင်လာနိုင်အောင် တစ်ဆင့်ပြီးတစ်ဆင့် သွားနေတာပါ၊ အခုဒီထက်ပိုပြီး ဥပဒေနှစ်ရပ်ကို ပေါင်းလိုက်တာပါ၊ လုပ်သင့်လုပ်ထိုက်တာကို တဖြည်းဖြည်းသွားနေတာပါ၊ လိုင်စင်ထုတ်ပေးရာမှာ Transparency မရှိဘူးပြောတယ်၊ မရှိတာက အဓိက Accountability မရှိတာပါ၊ လိုင်စင်တစ်ခုလျှောက်ရင် ဘယ်နှစ်ရက်ကြာမယ်၊ ဘယ် လောက်ကုန်ကျမယ်၊ ဘယ်လို Process တွေ ဖြတ်ရမယ်၊ Website မှာ Procedure တင်ထားပေးပါပြီ၊ ဥပမာ ကုမ္ပဏီ မှတ်ပုံတင် ၃ ရက်ရမယ် တရားဝင်ကြေငြာပေးထားပါတယ်။
Procedure ကို ရုတ်တရက်ဖတ်လိုက်ရင် ပိုပြီးရှင်းလင်း လွယ်ကူအောင် ပုံစံကားချပ်နဲ့ အဆင့် (၁)ကဘာ၊ (၂)ကဘာ၊ (၃) ကဘာ Investor ဆိုလို့ရှိရင် Application လာတင်တာနဲ့ သူ့ဟာတွေ ဘယ်အဆင့်ရောက်နေပြီ ဆိုတာ စာနဲ့ဝန်ကြီးဌာန တွေကို ပို့ထားတယ်။ Investor ကို မိတ္တူပေးလိုက်တယ်၊ ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ဒီနှစ် Project လုပ်ထားတာ ၆ ဘီလီယံ၊ အမေရိကန်ဒေါ်လာသန်း ၆၀ဝဝ မှန်းထားတယ်။ လက်ရှိသန်း ၃၀ဝဝ လောက်ရ တယ်၊ တချို့ Investement တွေ စက်ရုံတည်တယ်၊ စက်ရုံအတွက် ငါးသန်းကုန်တယ်၊ ဒီစက်ရုံကခြောက်လနဲ့ အပြီးတည်မယ့်စက်ရုံမျိုး၊ အထည်ချုပ်စက်ရုံ တစ်သန်းကုန် တယ် သူက ခြောက်လနှင့်ပြီးသွားတာ၊ Project ကြီးတွေ ကျ အချိန်ယူရတယ်၊ တစ်နှစ်နဲ့မပြီး နှစ်နှစ်အချိန်ယူတယ် သုံးနှစ်ကြာမယ် သူတို့ Investement ဆိုရင် နှစ်ကြာမှဝင်လာတာ ငါးနှစ်တာကာလအတွင်းမှာ စင်ကာပူကTop Investor ဖြစ်လာတယ်၊ ၁၉၈၈ ကနေ ခုချိန်ထိ ဆိုရင်ေ တာ့ အားလုံးတရုတ် က ၂၄ ရာခိုင်နှုန်း၊ ၂၅ ရာခိုင်နှုန်းလောက်ရှိတယ်၊ ဒီအနေအထား တရုတ်က Top ဖြစ်ပါတယ်။ မနှစ်က အများဆုံးဝင်လာတာ ရေနံနဲ့သဘာဝဓာတ်ငွေ့ကပါ။ စာရင်းအရ UK ပါအာရှနဲ့ကယှဉ်ရင်တော့ ဥရော ပက နည်းပါတယ်၊ လယ်ယာကဏ္ဍရဲ့ အနာဂတ်ကတော့ သေချာပေါက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်မယ့် ကဏ္ဍပါ ပြင်ဆင်ဆောင်ရွက်မှုတွေ ပြီးဆုံးသွားချိန်မှာ လယ်ယာကဏ္ဍတွေ အဓိက ရင်းနှီးမြှုပ်နှံတဲ့ အနေအ ထားဖြစ်လာမှာပါ၊ သူက ရေရှည်သွားရတာဟာဖြစ်လို့ ထားဝယ်စီးပွားရေးဇုန်ကို ဂျပန်၊ အိန္ဒိယ၊ တရုတ်တို့က ပိုပြီးစိတ်ဝင်စားတယ်ပြောပါတယ်။ ထားဝယ်က မဟာဗျူဟာအရ အရေးကြီးတော့ နိုင်ငံတော်တော်များများက စိတ်ဝင် စားကြောင်း ပြောပါတယ်။
Director/EU Myanmar Centre rS Mr. Billy Harkin ကတော့ အခြေခံအဆောက်အအုံတိုးတက်ရေးမှာ ရေသန့်စင်ရေးတွေ၊ ရေစီးရေလာကောင်းမွန်မှုတွေ ဆောင်ရွက်ရပါမယ်၊ မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ ကြယ် ငါးပွင့်အဆင့် ဟိုတယ်ကြီးတွေရှိပါတယ်။ ကျွန်တော်တို့ကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အရောက်လာမယ်လို့ လုံးဝယုံကြည် ကြောင်း၊ အလွန်ကောင်းကြောင်း ပြောသွားတာကို လေ့လာရပါတယ်။ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုး တက်မှုများအရ ရင်းနှီးမြှုပ် နှံရန်သင့်လျော်သည့် နိုင်ငံတစ်ခုဖြစ်နေတယ်ဆိုတာ တစ်ကမ္ဘာလုံးဆိုင်ရာ မြန်မာ့ရင်းနှီးမြှုပ်နှံမှုဖိုရမ် အစည်းအဝေးက အတည်ပြုပေးခဲ့သလို စိတ်ဝင်စားမှုရှိနေတဲ့ နိုင်ငံတော်တော် များများရှိနေတယ်ဆို တာ သိနေရပါပြီ။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ကြီးပွားချမ်းသာအောင်မြင်မှုရရှိတယ်ဆိုတာ မိခင်နိုင်ငံရဲ့ သယံဇာတပေါြွကယ်ဝမှု၊ နိုင်ငံခြားတိုင်းပြည်များမှ စီးပွားရေးလုပ်ငန်းရှင်၊ ကုမ္ပဏီ အစုအဖွဲ့များ လာရောက်ရင်းနှီးမြှုပ်နှံမှု ရှိဖို့ဆိုတာ စီးပွားရေးရဲ့ မလွဲမသွေတဲ့ သဘောတရားနိယာမတစ်ခုပါ၊ လာရောက်ရင်း နှီးမြှုပ်နှံမှုနောက်ကွယ်မှာ သတိထားရမယ်။ ဂရုစိုက်ရမယ့် လေ့လာသင်ယူ အတုယူရမယ့် ပရိယာယ်ဝေဝုစ်ဆိုတာတွေဟာ သတိထားရမယ့် အရာတွေပါ။ ဘာပဲပြောပြော မိခင်မြန်မာ နိုင်ငံရဲ့အနေအထားဟာ မကြာသောကာလတစ်ခုမှာ အာရှ ရဲ့''ကျား'' တစ်ကောင်ဖြစ်ပေါ်လာမယ့် အနေအထားတွေ ပြည့်စုံနေတာကို မငြင်းနိုင်ကြတော့ပါဘူး။ ဒီအပေါ်မှာ ကျွန်တော် တို့တစ်တွေ အကြောင်းအကျိုးကြားထဲမှာ အကောင်းအဆိုးဆိုတာရှာဖွေလို့ မကောင်းတာကိုပယ် ကောင်းတာကို ဝယ်ဖို့ ကြိုးစားကြပါစို့လို့ တိုက်တွန်းနှိုးဆော်ရင်း--------
မြင့်ဦး၊ ပခုက္ကူ
Monday, April 11, 2016
-
4:52:00 PM
-
Myanmar Trade Office (Taipei)
-
Myanmar Version , News
Related Posts:
CB says sugar re-export softens kyat Sugar and machinery oil are two re-export products contributing to a weaker kyat, according to the Central Bank, which has started scrutinising import-export sectors in an attempt to combat volatility in the US dollar excha… Read More
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က အမေရိကန်ဒေါ်လာ သန်း ၁ဝဝဝ ကျော်တန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၂၄ ခုကို ခွင့်ပြုပေးခဲ့ ရန်ကုန်မြို့ မြို့တွင်းဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်နေရာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ဇန်န၀ါရီလ ၆ ရက်က ကျင်းပခဲ့သည့် အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၇)အရ ရင်းနှီးမြ… Read More
Thilawa SEZ’s First Steel Plant to Feed Myanmar’s Hungry Industries Australian based steel technology and manufacturing company BlueScope Steel Ltd., operating in Myanmar as NS BlueScope Myanmar Co., Ltd, will open the first steel plant at Thilawa Special Economic Zone, according to NS Bl… Read More
ရှစ်လအတွင်း ရေထွက်ကုန် ပြည်ပတင်ပို့မှု ယခင်နှစ်ထက် ပိုမိုများပြားယခုဘဏ္ဍာနှစ် ရှစ်လ အတွင်း ရေထွက်ကုန် ပြည်ပတင် ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၃၆၀ ကျော် ရရှိထားပြီး ယခင်နှစ် ကာလတူထက် အမေရိကန်ဒေါ် လာ ရ၆ သန်းကျော် ပိုမိုရရှိထား ကြောင်း သတင်းရရှိသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရေထွက်ကုန် ပြည်ပတင်ပို့မ… Read More
Myanmar Will Hit This Year’s Foreign Investment Target After All, Says DICA Official People gather outside the offices of DICA in Yangon Myanmar can reach its target amount of investment for this fiscal year despite a slow start that raised doubts the country would bring in the $6 billion projectedby… Read More