Tuesday, April 12, 2016
-
11:00:00 AM
-
Myanmar Trade Office (Taipei)
-
Myanmar Version , News
ကမ္ဘာ့စီးပွားရေးမှာ နှေးကွေးကျ ဆင်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် တီထွင်ဆန်းသစ်မှုတွေကိုအားပေးတဲ့သုတေသနနဲ့ ဖွံ့ဖြိုးရေး (R&D) လုပ် ငန်းတွေထွန်းကားစေမယ့် မူဝါဒတွေ ချမှတ်သွားဖို့လိုအပ်ကြောင်းတစ်နှစ် လျှင်နှစ်ကြိမ်ထုတ်ပြန်တဲ့အစီရင်ခံစာ မထုတ်ပြန်မီပြုလုပ်တဲ့အစည်းအဝေး မှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံ ငွေအဖွဲ့(အိုင်အမ်အက်ဖ်) က တိုက်တွန်းကြောင်း အေအက်ဖ်ပီသတင်းမှာဖော်ပြပါတယ်။''သုတေသနနဲ့ ဖွံ့ဖြိုး ရေး(R&D)၊ စွန့်ဦးတီထွင်မှုအရည်အသွေးပြည့်ဝမှု နဲ့ နည်းပညာလွှဲပြောင်းမှုစတဲ့ လုပ်ငန်း တွေဆောင်ရွက်ပြီးတီထွင်ဆန်းသစ်မှုတွေကိုအားပေးရာမှာဘဏ္ဍာရေးမူဝါဒတွေကအရေးပါတဲ့အခန်းကဏ္ဍ တွေမှာ ပါ၀င်ပါတယ်''လို့ အိုင်အမ်အက်ဖ်က ပြောပါတယ်။စီးပွားရေးဖွံ့ဖြိုးရေးတိုးတက်ဖို့ အတွက်အိုင်အမ်အက်ဖ်က ပြုစုတဲ့ထောက်ခံတင်ပြချက်တွေထဲမှာ ဖွံ့ဖြိုးပြီးနိုင်ငံများက သုတေသနဖွံ့ဖြိုးရေး(R&D)အတွက် လက်ရှိရင်းနှီးမြှုပ်နှံနေတဲ့ပမာဏ ထက်၄၀ ရာခိုင်နှုန်းပိုမို ရင်းနှီးမြှုပ်နှံဖို့နဲ့ဒီလိုရင်းနှီးမြှုပ်နှံခြင်းအားဖြင့်သက်ဆိုင်ရာနိုင်ငံတွေရဲ့ဂျီဒီပီ ကို ၅ ရာခိုင်နှုန်းပိုမိုတိုးတက်စေနိုင် ကြောင်း၊ နည်းပညာလွှဲပြောင်းခြင်းဖြင့် ကမ္ဘာ့စီးပွားရေးကို တိုးတက် အောင် ဆောင်ရွက် ဖို့လိုကြောင်း စတဲ့အချက် တွေ ပါ၀င်ပါတယ်။ ကမ္ဘာ့စီးပွားရေးကမဆိုသလောက်သာ တိုးတက်မှုရှိနိုင်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ရမှာကို စိုးရိမ်နေရချိန်မှာတီထွင်ဆန်းသစ်မှုက ကုန် ထုတ်လုပ်မှုကို တိုးတက် အောင်ဆောင် ရွက်ရမယ့် နည်းလမ်းတစ်ခုဖြစ်ကြောင်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ ငွေကြေးအထောက်အပံ့ရဖို့အတွက် အခက်အခဲတွေ့ကြုံတွေ့နေရချိန်မှာစီးပွားရေး ဖွံ့ဖြိုးမှု ကျဆင်းတာကို ရည်မှန်းချက် ထားပြီး ဆောင် ရွက်တဲ့ ဘတ်ဂျက်မူဝါဒ တွေက ကုစားအောင်အထောက်အကူ ရနိုင်မှာဖြစ်ကြောင်း အိုင်အမ်အက်ဖ်က ပြောပါတယ်။
Related Posts:
ဟိုချီမင်းမြို့တော် ကုန်စည်ပြပွဲ ၂၀၁၆ (HO CHI MINH CITY EXPO 2016) ကျင်းပ ဖွင့်ပွဲအခမ်းအနားတွင် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေး နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ညွ… Read More
အကောက်ခွန်မဲ့ အာဆီယံဒေသမှာအကျိုးရှိအောင် ဘယ်လိုကုန်သွယ်မလဲအာဖတာ အာဖတာ ASEAN Free Trade Area (AFTA) ဆိုတဲ့စကားက အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသလို့ တိုက်ရိုက် အဓိပ္ပာယ်ထွက်ပေမယ့် အာဆီယံ-၁၀ နိုင်ငံအသိုင်းအဝန်းလေးတစ်ခုနဲ့သာသက်ဆိုင်တာ မဟုတ်ဘဲ အာဆီယံရော၊ အာရှရော၊ ဥရောပရေ… Read More
တီထွင်ဆန်းသစ်မှုပြုခြင်းဖြင့် ကမ္ဘာ့စီးပွားရေး ဖွံ့ ဖြိုးမှုနှုန်း နှေးကွေးကျဆင်းမှုကို တိုက်ဖျက်ဖို့ အိုင်အမ်အက်ဖ်တိုက်တွန်း ကမ္ဘာ့စီးပွားရေးမှာ နှေးကွေးကျ ဆင်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် တီထွင်ဆန်းသစ်မှုတွေကိုအားပေးတဲ့သုတေသနနဲ့ ဖွံ့ဖြိုးရေး (R&D) လုပ် ငန်းတွေထွန်းကားစေမ… Read More
တရုတ်နိုင်ငံနှင့် ငွေတန်ဖိုးကျခြင်း၊ချခြင်းအမောက်ထောင်နဂါး … Read More
နိုင်ငံတကာက စိတ်ဝင်စားလာကြတဲ့ ရင်းနှီးမြှပ်နှံမှုများထဲက နောက်ထပ်အာရှကျားတစ်ကောင် (သို့) မြန်မာ နိုင်ငံတစ်နိုင်ငံမှာ တော၊ တောင်၊ ရေမြေ သဘာဝတရားက ပေးထားတဲ့ သယံဇာတအမွေဆိုတာ ရှိတာမျိုးပါ၊ ဘယ်နိုင်ငံ၊ ဘယ် ဒေသ၊ ဘယ်အရပ်မှာမဆို တစ်ခုမဟုတ်တစ်ခုတော့ ဖြစ်တည်ထွက်ရှိ တာမျိုးပါ။ ဥပမာ- ကိုယ့်မိခ… Read More