Friday, June 24, 2016

၂၀၁၆ခုနှစ်အတွင်း ရှမ်းပြည်နယ်ထွက် အရည်အသွေးကောင်း အော်ဂဲနစ်လက်ဖတ်ခြောက် များကို ဂျာမဏီနိုင်ငံသို့ တင်ပို့သွားမည်ဖြစ်ပြီး ထို့သို့တင်ပို့သွားနိုင်ရန် အတွက်လည်း လက်ဖတ်လုပ်ငန်းရှင်များ အစုအဖွဲ့အေနဖြင့် အဆင်သင့် စီမံဆောင်ရွက်ထားပြီးဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒသ ပင်းတယမြို့ စီးကျအင်းကျေးရွာ လက်ဖတ်လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရသည်။
          ထိုသို့တင်ပို့နိုင်ရန် လက်ဖက်စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေဖြင့် ဓာတုကင်းလွတ် သီးနှံတစ်ခုဖြစ်ရန် အော်ဂဲနစ် စိုက်ပျိုးနည်းစနစ် Organic Farming ဖြင့် ကြိုးပမ်းခဲ့ရပြီး အဆိုပါ လက်ဖတ်ခြောက်များကို ပင်းတယမြို့နယ် Green Teaစံပြစက်ရုံမှ ထုတ်လုပ်၍ ၂၀၁၆ခုနှစ် အတွင်း တန်ချိန်၁.၅တန်ကို တင်ပို့သွားမည်ဖြစ်သည်။
          အဆိုပါလက်ဖတ်ခြောက်စက်ရုံမှ တစ်လလျှင် လက်ဖက်ခြောက်ပိဿာချိန် ၂၅၀ကို ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ဂျာမဏီသို့ တစ်ပိဿာလျှင် မြန်မာငွေ ကျပ်တစ်သောင်းငါးထောင်ဖြင့် ရောင်းချသွားမည်ဖြစ်ကာ လက်ရှိဒေသတွင်း လက်ဖတ်ခြောက်ပေါက်စျေးမှာ အမျိုးအစားပေါ် မူတည်၍ တစ်ပိဿာကျပ် ၃၀၀၀မှ ကျပ်၆၀၀၀အထိ ရှိကြောင်းသိရသည်။
          ရှမ်းပြည်နယ်ထွက် အော်ဂဲနစ်လက်ဖတ်ခြောက်ကို ဂျာမဏီနိုင်ငံကဝယ်ယူရန် ဖေဖော်ဝါရီ လအတွင်းကပင် လာရောက်ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ထို့သို့အရည်သွေးမြင့် လက်ဖတ်ခြောက် များထုတ်လုပ်နိုင်ရန် လိုအပ်သည် နည်းပညာများကို ဂျာမဏီအခြေပြု GIZ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့အစည်းမှ လက်ဖက်စိုက်တောင်သူများအား ထောက်ပံ့ကူညီပေးခဲ့ကြောင်း၊ ဇူလိုင်လ အတွင်း လာရောက်ဝယ်ယူမည့် ဂျာမဏီနိုင်ငံမှ လုပ်ငန်းရှင်များနှင့် စာချုပ်ချုပ်ဆိုရန်အတွက် လည်း အဆိုပါအဖွဲ့မှပင် ကြီးမှူးဆွေးနွေးလျှက်ရှိကြောင်း သိရသည်။
         လက်ရှိအဆိုပါ GIZ အဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ရှမ်းပြည်နယ်အတွင်း လက်ဖက်ခြောက် ထုတ်လုပ်သည့် စက်ရုံခုနှစ်ရုံကို ထပ်မံတည်ဆောက်လျှက်ရှိကာ ရှမ်းပြည်နယ်နှင့် အခြားဒေသ များအပါအဝင် မြန်မာနိုင်ငံအတွင်း လက်ဖတ်စိုက်ဧကပေါင်း ရှစ်သိန်းခန့်နှင့် လက်ဖက်ခြောက် ထုတ်လုပ်သည့် စက်ရုံပေါင်း ၁၀၀ကျော်ရှိကြောင်း အဆိုပါလက်ဖက်လုပ်ငန်းရှင်မှ ပြောပြသည်။



Source:MYANTRADE Daily News(23.6.2016)

Post Archive

MMK Exchange Rates

Currency Convertor

Tourist Visa Form

https://drive.google.com/open?id=0B3f14tZWkVe_RTdTMDBVWGNJLW8

Business Visa Form

https://drive.google.com/open?id=0B3f14tZWkVe_ZXAxamNuZl9mcE0

Trade-Fair Register

http://mtotpe.blogspot.tw/p/trade-fair-registration.html

CAEXPO Exhibitor Form

https://drive.google.com/open?id=0B3f14tZWkVe_cjU1S05UdlhwZ2s

CAEXPO Visitor Form

https://drive.google.com/open?id=0B3f14tZWkVe_T1k4RnNmZVJfemc

Change Language

Recommendent Post

Myanmar Investment Environment (CN)

國家概況 ( 緬甸-MYANMAR)              2015年11月全國民主聯盟於國會選舉中大勝,2016年3月底翁山蘇姬的親密戰友廷覺宣誓就任緬甸新總統,此時的緬甸民主之路可以說又邁進了一大步!但也隨著新政府的上臺、美國放寬經濟制裁、市場開放及外資湧入等...

Most View